DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် ၆ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရပြီး သေဆုံး
DVB
·
March 2, 2019
မြောင်းမြတွင် ၆ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရပြီး သေဆုံး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှာ ၆ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး ​မြောင်းမြမြို့နယ်​၊ ပျဉ်​ပုံအုပ်​စုမှာ အသက်​ ၆ နှစ်​အရွယ် ​မိန်းကလေးငယ်​ကို အကိုဝမ်းကွဲ​တော်​စပ်​သူက မတရားပြုကျင့်ပြီး လည်​ပင်းညှစ်​ကာ မျက်နှာနဲ့ဦး​ခေါင်းတို့အား ရိုက်​နှက်​ကာ တောထဲ​ပစ်​ထားခဲ့​ရာမှ ပြန်လည်တွေ့ရှိပြီး မြောင်းမြဆေးရုံကြီးမှာ ကုသမှုခံယူနေစဉ် သေဆုံးခဲ့တာလို့ ရဲထုတ်ပြန်ချက်အရ သိရပါတယ်။

‌     မြောင်းမြမြို့နယ်၊ ပျဉ်​ပုံ​ကျေးရွာအုပ်​စု မှာ နေထိုင်တဲ့  မိန်းကလေးငယ်ဟာ မတ် ၁ ရက်နေ့ မနက်ပိုင်းက ပျောက်​ဆုံးသွားလို့ မိဘတွေက တောထဲ ၀င်ရောက်ရှာဖွေခဲ့ကြရာ ကလေးငယ်​မှာ ဝတ်​လစ်​စလစ်​နဲ့ ချုံပုတ်​အတွင်း လည်းပင်းညိုမည်း၊ ပါးစပ်​​သွေးထွက်​၊ အောက်​ပိုင်း ​သွေးထွက်​ဒဏ်ရာတွေနဲ့ ​တွေ့ရှိခဲ့တာကြောင့် ​မြောင်းမြ​ဆေးရုံကို ပို​ဆောင်​ကုသစဉ် ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အမှုကို မြောင်းမြမြို့နယ်၊ သိလ္လာဂတ်​စု ရဲကင်း ရဲစခန်းမှူး ရဲအုပ်​ဇင်​မင်းဦးနဲ့ အဖွဲ့က စုံစစ်းစစ်ဆေးရာမှာ မုဒိမ်းမှု ကျူးလွန်တယ်လို့ ယူဆရတဲ့  အောင်ဝင်းအေး (၁၈) နှစ် ရှစ်​အိမ်​တန်းကျေးရွာနေထိုင်သူအား နာရီပိုင်းအတွင်း ဖမ်းဆီးမိခဲ့ပါတယ်။

အောင်ဝင်းအေးကို ဖမ်းဆီးပြီး မြောင်းမြမြို့မရဲစခန်းက ရာဇသတ်​ကြီးပုဒ်​မ​ ၃၇၆၊ ၃၂၅၊ ၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကျော်စိုးမိုး ၊ဘိုဘို(မြောင်းမြ)။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013