DVB Logo
Home
မြန်မာသတင်း
FDA ဝန်​ထမ်းအမျိုးသမီး မုဒိမ်းကျင့်အသတ်​ခံရမှု သက်သေမပြနိုင်သေးဟု တရားခံရှေ့နေပြော
DVB
·
March 26, 2018
FDA ဝန်​ထမ်းအမျိုးသမီး မုဒိမ်းကျင့်အသတ်​ခံရမှု သက်သေမပြနိုင်သေးဟု တရားခံရှေ့နေပြော
Donate to DVB

 

FDA က ဝန်​ထမ်းအမျိုးသမီးအသတ်​ခံရမှုနဲ့ပတ်သက်ပြီး  အခုအချိန်​အထိ ကျူးလွန်​သူလို့ စွပ်​စွဲခံထားရတဲ့ မျိုး​ဇော်​ဦး (ခ) ဆီဒိုးနားဟာ မုဒိမ်းကျင့်ခဲ့တယ်​ဆိုပြီး သက်​​သေပြနိုင်​ခြင်း မရှိသေးဘူးလို့ တရားခံ ​ရှေ့​နေ ဦး​မောင်​​မောင်​စိုးက ​ပြောပါတယ်​။

"ဆေးစစ်ချက်ကသိပ်မခိုင်မာဘူး။ မျိုးဇော်ဦး အဓမ္မပြုကျင့်ထားတယ်လို့ အခုထိပြောလို့ မရသေးဘူး။ လက္ခဏာလည်း မတွေ့ရဘူး။ လည်ပင်းဒဏ်ရာကတော့ ထင်ရှားတယ်။ ဓာတုဗေဒ မှုခင်းဆရာဝန်တွေစစ်မှ သေချာပြောလို့ ရမယ်။ ဥပမာပြောရရင် မျိုးဇော်ဦးလိင်အင်္ဂါမှာ ဒဏ်ရာ မရှိဘူး၊ သုတ်ပိုးမတွေ့ရဘူး။ အခုချိန်ထိပြောလို့ရတော့ သူမုဒိမ်းမှု ကျူးလွန်ထားတယ်ဆိုတာ လုံးဝမတွေ့ရဘူး"လို့ ရှေ့နေဦးမောင်မောင်စိုးက ပြောပါတယ်။

မျိုး​ဇော်​ဦး (ခ) ဆီဒိုးနားအတွက်​ တရားခံပြသက်​​သေတဦးရပြီလို့လည်း အစိုးရရှေ့နေ ဦးမောင်မောင်စိုးက မတ်လ ၂၆ ရက်နေ့ ရုံးချိန်းမှာပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားခံပြသက်သေရှာဖွေတဲ့နေရာမှာ အရင်ရုံးချိန်းတွေမှာ တယောက်မှ မရရှိခဲ့တဲ့အပြင် တရားစွဲခံထားရတဲ့ မျိုဇော်ဦးရဲ့ဇနီးကလည်း တခြားမြို့ကို ပြောင်းရွှေ့သွားပြီလို့ ဆိုပါတယ်။

အခုတင်​သွင်းပြီး လာ​ရောက်​ထွက်​ဆိုမယ့် တရားခံပြသက်​​သေဟာ မျိုး​ဇော်​ဦး (ခ) ဆီဒိုနား ရဲ့ ​ဆွေမျိုး​တော်​စပ်​သူတစ်​ဦးဖြစ်​ပါတယ်။

အစိုးရရှေ့နေ ဦးမောင်မောင်စိုးက "မရွှေရည်ဝင်း အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး မရွှေရည်ဝင်းဘက်က သက်သေ ၃၅ ဦး တင်သွင်းထားပါတယ်။ မျိုးဇော်ဦးဘက်ကတော့ တယောက်မှ မတင်နိုင်ဘူး။ လိုက်ပေးမယ့် လူလည်း မရှိတော့ သူနေတဲ့ရပ်ကွက်ထဲ သွားပြီး ရှာကြည့်တော့ သူ့ဦးလေး တယောက်လိုက်ပေးမယ် ပြောတယ်။ သူက ဆိုက်ကားနင်းတယ် သေတော့ မသေချာသေးဘူး။ သင်္ကြန်မှာ ဘုန်းကြီးဝတ်ပြီးရင် လာမယ်တော့ပြောတယ်" လို့ ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ မရွေရည်ဝင်းမသေဆုံးခင်က နောက်ဆုံးဆက်သွယ်ခဲ့တဲ့ ငယ်သူငယ်ချင်းနဲ့ မရွှေရည်ဝင်းရဲ့ အမျိုးသားမိတ်ဆွေနဲ့အတူ အငှားယာဉ်မောင်း မျိုးဇော်ဦး မောင်းခဲ့တဲ့ တက်စီအုံနာတို့ကို စစ်ဆေးခဲ့တာပါ။

မျိုး​ဇော်​ဦး (ခ) ဆီဒိုးနားကို ရာဇဝတ်​မှုပုဒ်​မ ၃၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆို ထားတာပဲ ဖြစ်​ပါတယ်​။

မရွှေရည်ဝင်း အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားလိုဘက်ကရော တရားခံ ဘက်ရော အစိုးရရှေ့နေတွေသာ လိုက်ပါဆောင်ရွက်တာဖြစ်ပေမယ့် မရွှေရည်ဝင်းဘက်က အစိုးရရှေ့နေကတော့ အမှုစစ်ဆေးတဲ့ရုံးချိန်းတလျောက် မီဒီယာကို အင်တာဗျူးဖြေဆိုခြင်းလုံးဝ မရှိပဲငြင်းဆိုခဲ့ပါတယ်။

ဒီအမှုမှာ တရားလိုပြသက်​​သေ ၂၆ ဦးကို စစ်​​ဆေးပြီးသွားပြီဖြစ်​ပြီး၊ ​နောက်​ထပ်​ တရားလိုပြသက်​​သေ ၉ ဦးနဲ့ တရားခံသက်​​သေ ၁ ဦးကို စစ်​​ဆေးဖို့ ရှိ​နေတာပဲ ဖြစ်​ပါတယ်​။ ​နောက်​လာမယ့် ရုံးချိန်းကို​တော့ ဧပြီ ၂ ရက်​​နေ့မှာ စစ်​​ဆေးသွားမှာပါတယ်။

နောက်ရုံးချိန်းတွေမှာ မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်တွေနဲ့ အတူ အမှုစစ်အရာရှိအပါဝင် သက်သေ ၉ ဦးသာ စစ်ဆေးဖို့ ကျန်တော့တဲ့အတွက် သင်္ကြန်အပြီးမှာ အပြီးသတ်အမိန့် ချနိုင်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013