DVB Logo
Home
မြန်မာသတင်း
၂ နှစ်အရွယ်ကလေးငယ် ၁ ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံး
DVB
·
February 8, 2017
၂ နှစ်အရွယ်ကလေးငယ် ၁ ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံး
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ခြောက်အိမ်တမ်းကျေးရွာအုပ်စု ကုလားကုန်းကျေးရွာမှာ ၂ နှစ်အရွယ် ကလေးငယ်တဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့တယ်လို့ အိမ်မဲမြို့နယ် လူကောင်းကျွန်း နယ်မြေရဲစခန်းကသိရပါတယ်။

ထိုင်းနိုင်ငံမှာ မိဘနှစ်ပါးအလုပ်သွားလုပ်နေတဲ့အတွက် ကလေးငယ်ကို အဘိုးနဲ့အဒေါ်က စောင့်ရှောက်ထားပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၇ နာရီအချိန်မှာ အတူနေအဒေါ်ရဲ့ ယောက်ျား မိုးကျော်ဆိုသူက ၄င်းတို့ ဈေးရောင်းရာနေရာကို ခေါ်သွားမယ်ဆိုပြီး အိမ်ကခေါ်သွားကာ ည ၈ နာရီမှာ ကလေးအိပ်နေပြီဆိုပြီး ခြင်ထောင်အတွင်းထားခဲ့တယ်လို့ဆိုပါတယ်။ နောက်နေ့ မနက်မှာ နဖူးမှာပွန်းပဲ့ ဒဏ်ရာနဲ့ မအင်္ဂါမှာ သွေးတွေယိုစီးပြီး ကလေးသေဆုံးနေတာကို တွေ့ရပြီး ခေါ်ဆောင်သွားခဲ့တဲ့ မိုးကျော်ဆိုသူကို အိမ်မှာမတွေ့ရတဲ့အတွက် အဒေါ်ဖြစ်သူက လူကောင်းကျွန်း နယ်မြေရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ ရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။

လူကောင်းကျွန်းနယ်မြေရဲစခန်းကတော့ (ပ) ၄/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၃၇၆ အရ အမှုဖွင့်လှစ်ထားရှိပြီး တရားခံဖမ်းဆီးရမိရေး ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013