DVB Logo
Home
မြန်မာသတင်း
ကသာတွင် ဝါးဖောင်အောက်ဝှက်သယ်လာသည့် သစ်လုံးရေ ၄၅၀ ကျော် ဖမ်းမိ
DVB
·
February 22, 2019
ကသာတွင် ဝါးဖောင်အောက်ဝှက်သယ်လာသည့် သစ်လုံးရေ ၄၅၀ ကျော် ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ကျောက်ပုံနှင့် ကလုံရွာအကြား ဧရာဝတီမြစ်အတွင်း ဝါးဖောင်အောက်ကနေ တရားမ၀င် သစ်တန် ၄၅၀ ကျော် ဖမ်းဆီးမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။

တရားမဝင်သစ်တွေဖွက်ပြီး မျှောလာတယ်ဆိုတဲ့ သတင်းအရ မြို့နယ်သစ်တော ဦးစီးဌာနက စောင့်ဆိုင်းဖမ်းဆီးရာ မျောတိုင်နဲ့ ကျွန်းသစ် ၄၅၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

စုစုပေါင်း မျောတိုင်အပါအဝင် ကျွန်းသစ်လုံးရေ ၄၅၂ လုံး၊ စုစုပေါင်း ၃၉.၃၂၆ တန်ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့တာလို့ ကသာမြို့နယ်သစ်တောဦးစီးဌာနက သိရပါတယ်။

“မြစ်ကြောင်းအတိုင်း မျှောလာတဲ့ ဝါးဖောင်ကိုသွားစစ်တော့ ကျွန်းတုံးတွေလည်း မြင်ရတယ်။ အဲဒါနဲ့ ကမ်းကပ်ပြီး စစ်တာကနေ မိတာပါ။ တရားခံတွေက လှေနဲ့ ထွက်ပြေးလို့ မမိလိုက်ဘူး။ နည်းနည်းနောက်ကျသွားတာ။ သစ်တွေကိုတော့ မြန်မာ့သစ်ထုတ်ရေးလုပ်ငန်းကို လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေပါတယ်” လို့ ကသာမြို့နယ်သစ်တောဦးစီးမှုး ဦးတင်ထွန်းက ပြောပါတယ်။

ကသာမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဖောင်တွဲဖမ်းဆီးရမိတာ ၂ ကြိမ်အပါအဝင် စုစုပေါင်း တရားမဝင်သစ် ဖမ်းဆီးရမိမှု ၅ ကြိမ်၊ သစ်တန် ၇၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

မကြာသေးခင်ကလည်း ဧရာဝတီမြစ်အတွင်းကပဲ ကညင်သစ်တန် ၅၄၀ တန်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းမှာ ကသာမြို့နယ်က သစ်တောထူထပ်စွာ ကျန်နေသေးတဲ့ ဒေသဖြစ်တဲ့အပြင် ကချင်ပြည်နယ်နဲ့လည်း ထိစပ်နေတဲ့အတွက် ကသာမြို့နယ်အတွင်းက ထွက်တဲ့သစ်တွေအပြင် ကချင်ပြည်နယ်က သစ်တွေလည်း မကြာခဏဆိုသလို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်အတွင်း သစ်ဖောင်မျှောတာကို သစ်တောဦးစီးဌာနက ခွင့်မပြုထားပါဘူး။ ဝါးဖောင်တွေကိုတော့ သက်ဆိုင်ရာ သစ်တောဦးစီးဌာနတွေမှာ ကျသင့်တဲ့ အခွန်ပေးဆောင်ကာ သယ်ယူခွင့် မျှောတွေ လျှောက်ထားခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမဝင်သစ် ခုတ်လှဲသယ်ဆောင်မှု လျော့နည်းပပျောက်ရေးအတွက်လည်း ကြိုးဝိုင်းကြိုးပြင်တွေမှာ သတင်းရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လစဉ် စစ်ကြောင်းတွေအပြင် ရှောင်တခင်နဲ့ ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ စနစ်နဲ့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ကသာခရိုင်က နှစ်စဉ်ဆိုသလို တရားမဝင်သစ်ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013