ချဲလ်ဆီးနောက်ခံလူ မာ့ခ် ကူကူရယ်လာကို ရီးရဲလ်မက်ဒရစ်အသင်းဆီ ပေါင် ၅၂ သန်းနဲ့ ရောင်းချဖို့ ၂ သင်းကြား နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပါတယ်။
လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် မော်ရင်ဟိုက ဒီပြောင်းရွှေ့ကြေး သဘောတူညီမှုမှာ အဓိကကျခဲ့တာ ဖြစ်ပါတယ်။
စပိန်လက်ရွေးစင် ကူကူရယ်လာဟာ ချဲလ်ဆီးမှာ ၃ နှစ်စာချုပ် ကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ချဲလ်ဆီးနည်းပြသစ် ဇာဘီအလွန်ဆိုနဲ့ စကားပြောခဲ့ပါတယ်။
ဒီစကားဝိုင်းကနေ ယုံကြည်မှုတွေ ရရှိခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။ ဒါပေမဲ့ ကလပ်ရဲ့ ဆုံးဖြတ်ချက်တချို့ကို သူ သဘောမတူတာတွေလည်း ရှိခဲ့ပါတယ်။
အင်ဇို ဖာနန်ဒက်ဇ် ကလည်း ကူကူရယ်လာ ရီးရဲလ်ကို ပြောင်းရွှေ့မဲ့သတင်းကို လူမှုကွန်ရက်မှာ Like လုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်က အပြောင်းအရွှေ့ကို သူ ထောက်ခံကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။










