DVB Logo
Home
မြန်မာသတင်း
ပုဂံဒေသတွင် ကုန်​တင်​​ရေယာဉ်​ဖြင့် ခရီးသည်​များကို တင်ဆောင်နေ
DVB
·
February 15, 2019
ပုဂံဒေသတွင် ကုန်​တင်​​ရေယာဉ်​ဖြင့်  ခရီးသည်​များကို တင်ဆောင်နေ
Donate to DVB

မန္တလေးတိုင်း၊ ​ညောင်​ဦးမြို့နယ်​ ပုဂံ​ဒေသရှိ ဧရာဆိပ်​ကမ်းနဲ့ ဘူးဘုရား ဆိပ်​ကမ်းတွေမှာ ကုန်​တင်​​ရေယာဉ်​တွေအသုံးပြုပြီး ဘုရားဖူးတွေကို တင်​​ဆောင်​ ​ပြေးဆွဲနေတယ်​လို့ မန္တ​လေးတိုင်း​ ရေ​ကြောင်းပို့​ဆောင်​​ရေး ညွှန်​ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန့်​ဇင်​ဦးက ​ပြောပါတယ်

“တွေရှိရတဲ့ အားနည်းချက်​​တွေက  SAFETY အ​နေနဲ့ ခရီးသည်​တင်​ ​ရေယာဉ်​​တွေမဟုတ်​ပါဘူး။ လုပ်​ငန်းလိုင်​စင်​ပြောင်းလဲ​ပေးဖို့လည်းလိုပါတယ်​။ ​နောက်​တခုက ခရီးသည်​နဲ့အညီ Life Jacket နဲ့ Life buoy ဒီ အသက်​ကယ်​ပစ္စည်း​တွေ ထားရှိဖို့ လိုအပ်​​နေပါတယ်”လို့ ပြောပါတယ်​။

လက်​ရှိ​ပြေးဆွဲနေတဲ့ ​ရေယာဉ်​တွေဟာ မြိုနယ်​အဆင့်က ​ချမှတ်​​ပေးထားတဲ့ ကုန်​တင်​​ရေယာဉ်​လိုင်​စင်​တွေနဲ့ ဘူးဘုရားဆိပ်​ကမ်းနဲ့ ဧရာဇက်​ဆိပ်​တို့က​နေပြီး တန့်​ကြည့်တောင်​ ဘုရားဖူးတွေနဲ့ အ​ပျော်​စီး စင်းလုံးငှားအဖြစ်​ ပြည်​တွင်းဘုရားဖူးတွေရော နိုင်​ငံခြားသား ဧည့် သည်တွေပါ အသုံးပြုနေပြီး  အစီး​ရေ ၂၀၀ ကျော်​​ပြေးဆွဲ နေတယ်​လို့ သိရပါတယ်​။

ဒီိကိစ္စနဲ့ ပတ်သက်ပြီး မန္တ​လေးတိုင်း​ ​ရေ​ကြောင်းပို့​ဆောင်​​ရေး ညွှန်​ကြားမှုဦးစီးဌာန တာဝန်ရှိသူတွေက စက်​​လှေ​မောင်းသူတွေ၊ စက်​​လှေပိုင်​ရှင်​တွေနဲ့တွေ့ဆုံပြီး ​​ရေ​ကြောင်း ဘေးကင်းလုံခြုံ​မှုရှိ​ရေး၊ ​ရေယာဉ်​တွေ စနစ်​တကျ ​ပြေးဆွဲ​ရေးနဲ့ စည်းကမ်းလိုက်​နာ​ရေးတို့အတွက်​ အသိပညာ​ပေး​ဆွေး​နွေးခဲ့ကြပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013