DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ဟာ ကမ္ဘာ့တတိယမြောက် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်နေ 
DVB
·
March 27, 2026
Photo:DVB
Photo:DVB
Donate to DVB

မြန်မာနိုင်ငံ ရန်ကုန်မြို့ဟာ ကမ္ဘာ့‌လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့စာရင်းမှာ နံပါတ် ၃ နေရာ ရောက်ရှိနေပြီး ဒီမနက် ၁၀ နာရီ  IQAir ရဲ့ တိုင်းတာချက်အရ AQI (Air Quality Index) လေထုအရည်အသွေး အညွှန်းကိန်း  ၁၆၉ မှာ ရှိနေပါတယ်။

ဒါဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆင့် အနီ‌ရောင်အ‌ခြေအနေဖြစ်ပြီး လူတိုင်းအတွက် ကျန်းမာရေး သက်ရောက်မှုတွေ စတင်ရှိလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ကျန်းမာရေးအပေါ်သက်ရောက်မှု‌တွေက‌တော့ ကျန်းမာရေး‌‌ကောင်းမွန်တဲ့ သာမန်လူတွေအ‌နေနဲ့ အသက်ရှူရခက်ခဲတာ၊ လည်ချောင်းယားတာ၊ မျက်စိစပ်တာနဲ့ အနည်းငယ် မောပန်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ အတွက်တော့ ဒီအဆင့်ဟာ တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ရန်ကုန်မှာ နေထိုင်ကြသူတွေအနေနဲ့လည်း အပြင်ထွက်နိုင်ပေမဲ့ အကာအကွယ် Mask မပါဘဲ အချိန်အကြာကြီး နေထိုင်တာကို ရှောင်ကြဉ်ရမဲ့အဆင့်ဖြစ်တာ‌ကြောင့် သာမန် Surgical Mask တွေဟာ အလွန်သေးငယ်တဲ့ ဖုန်မှုန့်အမှုန်အမွှား (PM 2 ဒသမ 5) တွေကို အပြည့်အဝ မကာကွယ်နိုင်တဲ့အတွက် ဖြစ်နိုင်ရင် N95 သို့မဟုတ် KN95 Mask တွေကို တပ်ဆင် သင့်ပါတယ်။ 

လေထုညစ်ညမ်းတဲ့ အခြေအနေမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့နဲ့ လည်ချောင်းမခြောက်အောင် ရေပုံမှန် သောက်ပေးဖို့ လိုအပ်တယ်လို့လည်း ဆရာဝန်တွေက အကြံ‌ပေးထားကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013