
တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို လက်မှတ် ၄၀၀ နီးပါး ရောင်းချပြီး စက်တင်ဘာ ၁၃ ရက်မှာ ပြသနိုင်ခဲ့ကြောင်း သိရပါတယ်။
ထိုင်ခုံ ၃၄၀ ဆံ့တဲ့ ရုပ်ရှင်ရုံမှာ လာရောက်ကြည့်ရှုသူတွေနဲ့ အားပေးသူတွေကြောင့် ထိုင်ခုံအရေအတွက်ထက် ပိုမိုအားပေးမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရုပ်ရှင်ပြပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အားပေးထောက်ခံတဲ့ ကမ်ပိန်းကိုလည်း ပူးတွဲပြုလုပ်ခဲ့ပါတယ်။
RAY ရုပ်ရှင်ကို လာမဲ့ စက်တင်ဘာ ၂၀ ရက်မှာ ချွန်းနန်းမြို့နဲ့ အောက်တိုဘာလအတွင်း ဒယ်ဂူးမြို့တွေမှာ ဆက်လက်ပြသသွားမယ်လို့ ပွဲစီစဉ်သူတွေက ဆိုထားပါတယ်။
ရုပ်ရှင်ပြပွဲက ရရှိတဲ့ လက်မှတ်ရောင်းရငွေ အားလုံးကို စာရင်းနဲ့တကွ MFDMC Page ကနေ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
Photo: MFDMC











