DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တွင် ကျေးရွာ ၁၀ ရွာကျော် ရုတ်တရက် ရေဝင်နစ်မြုပ်နေ
DVB
·
August 6, 2026
Photo: Min Min
Photo: Min Min
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ရုတ်တရက် ရေကြီးရေလျှံပြီး ကျေးရွာ ၁၀ ရွာကျော် ရေဝင်နစ်မြုပ်နေတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး လေးမျက်နှာမြို့နယ်က ငဝန်ရေကာတာ ကျိုးပေါက်တာကြောင့် သြဂုတ် ၆ ရက် မနက်မှာ ကျုံပျော်မြို့နယ်ထဲက ကျေးရွာ ၁၃ ရွာလောက် ရုတ်တရက် ရေကြီးရေလျှံ နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတယောက်က “အနိမ့်ပိုင်းကျေးတွေမှာ ရေ ၃ ပေကနေ ၄ ပေလောက်အထိကို ရုတ်တရက် ဝင်ရောက်လာတာ။ ဒါ့ကြောင့် ကြိုတင်ပြီး ရွှေ့ပြောင်းခဲ့ကြတာတွေ ရှိတယ်။ မသန်စွမ်းနဲ့ သက်ကြီးပိုင်းတွေ အဓိကပြောင်းရွှေ့နေတယ်” လို့ ပြောပါတယ်။

ကျုံပျော်မြို့နယ်မှာ ရေဝင်ရောက်လာတာကြောင့် ကံစု၊ ရေတိမ်၊ အင်းရဲ၊ အင်းရဲတောင်၊ သဖန်းချောင်း၊ ပက်ပက်ကြီး၊ သုံးအိမ်တန်း၊ ရွှေကညင်ပင်၊ သဲဖြူအလယ်၊ မအူချောင်း၊ ရုံးချောင်း၊ ဆင်ကူး၊ အင်းမ စတဲ့ကျေးရွာတွေ အများဆုံး ရေဝင်နစ်မြုပ်နေတာလို့ ဆိုပါတယ်။

ကျုံပျော်ဒေသခံတယောက်က “လောလောဆယ် သက်ကြီးပိုင်းတွေကိုပဲ အရင်ပြောင်းရွှေ့ခဲ့ပါသေးတယ်။ အခြေအနေ စောင့်ကြည့်နေတယ်။ ဒီနေ့ မိုးကတော့ နေ့လယ်ပိုင်းအထိ မရွာသေးဘူး” လို့ ပြောပါတယ်။

ရေဝင်ရောက်နစ်မြုပ်မှု ဖြစ်ပေါ်နေတဲ့ ကျုံပျော်မြို့နယ်က ဒေသခံတွေဟာ နေအိမ်အပေါ်ထပ်တွေနဲ့ အမြင့်ပိုင်းနေရာတွေမှာ နေထိုင်နေကြပြီး ရွှေ့ပြောင်းတာမျိုး မလုပ်ကြသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လေးမျက်နှာမြို့နယ်က ငဝန်ရေကာတာ ကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ရေကြည်၊ ဟင်္သာတ၊ ကျုံပျော် စတဲ့မြို့နယ်တွေမှာ သြဂုတ် ၅ ရက်လောက်က စတင်ပြီး ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013