DVB Logo
Home
မြန်မာသတင်း
ဗိုလ်​ချုပ်​​ကြေးရုပ်​​ထောက်​ခံဆန္ဒပြပွဲ ဦး​ဆောင်​သူ ၅ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့်တရားစွဲ
DVB
·
February 5, 2019
ဗိုလ်​ချုပ်​​ကြေးရုပ်​​ထောက်​ခံဆန္ဒပြပွဲ ဦး​ဆောင်​သူ ၅ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့်တရားစွဲ
1 / 5
Donate to DVB

ကယားပြည်​နယ်​၊ လွိုင်​​ကော်​မြို့မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိဖို့်  ဖေ​ဖော်​၀ါရီ ၂ ရက်​နေ့က ​ထောက်​ခံဆန္ဒပြခဲ့တဲ့ ဦး​ဆောင်​သူ ၅ ဦးကို ငြိမ်းစုစီ ဥပ​ဒေပုဒ်​မ (၂၀)နဲ့ တရားစွဲဆိုလိုက်​ပါတယ်​။

အခုလို တရားစွဲနိုင်​ဖို့အတွက်​ ကရင်​နီလူငယ်​​တွေက ​ဖေ​ဖော်​ဝါရီ ၂ ရက်​​နေ့ညမှာ မြို့နယ်​ရဲတပ်​မှူးရုံးကို သွား​ရောက်​တိုင်​ကြားတာ​ကြောင့် ဒီ​နေ့မှာ​တော့ တရားစွဲဆို​ပေးခဲ့တာလို့ ဆိုပါတယ်​။

မြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးကို ကိုယ်​တိုင်​သွား​ရောက်​တိုင်​ကြားခဲ့တဲ့ ခွန်းမျိုးလှိုင်​ဝင်းက “ဗိုလ်​ချုပ်​​ အောင်​ဆန်း​​ကြေးရုပ်​တုနဲ့ပတ်​သက်​ပြီး ကျ​နော်​တို့ကိုယ်​တိုင်​ တိုင်​ကြားခဲ့တာ​ပေါ့​နော်​။ သူတို့က ငြိမ်းစုစီဥပ​ဒေနဲ့ မညီဘူး။ ကန့်​သတ်​နယ်​​မြေ ပုဒ်​မ ၁၈၈ အရကျူးလွန်​တယ်​။ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရုံးကို ပြီးခဲ့တဲ့ ၂ ရက်​​နေ့ည ၇ နာရီအချိန်​မှာ တိုင်​ကြားခဲ့တယ်​။ ကျ​နော်​တို့ တိုင်​ကြားတာကို ​လော​လောဆယ်​ ငြိမ်းစုစီ ပုဒ်​မ (၂၀)နဲ့ အ​ရေးယူမယ်​။ သူတို့ကိုရဲစခန်းမှာ ​ခေါ်​တွေ့ပြီး ပုဒ်​မ (၁၉) နဲ့ ထပ်​စွဲမှာ​ပေါ့" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ထောက်​ခံဆန္ဒပြရာမှာ ဦး​ဆောင်​သူ​တွေဖြစ်​တဲ့ ​လောပိတ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးဝင်း​အောင်​အပါအဝင်​ ၅ ဦးကို လွိုင်​​ကော်​မြို့နယ်​ ရဲတပ်​ဖွဲ့မှူး ဦးဝင်းနိုင်​က တရားလိုလုပ်​ပြီး တရားစွဲဆိုလိုက်​တာပါ။

လွိုင်​​ကော်​​မြို့ ဂန္ဒာ​ဟေဝန်​ပန်းခြံမှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိဖို့ ​လူ ၅၀၀ ​လောက်​က ​ထောက်​ခံဆန္ဒပြတာနဲ့ ​ ကြေးရုပ်​ဖွင့်​ပွဲကို ​ဖေ​ဖော်​ဝါရီ ၂ ရက်​​နေ့က ပြုလုပ်​ခဲ့ပါတယ်​။

တဖက်​မှာလည်း ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ဆန့်​ကျင်​ကန့်​ကွက်​​နေကြတဲ့ ကရင်​နီလူငယ်​ ၃၂ ဦးဟာ ငြိမ်းစုစီပုဒ်​မ ၁၉၊ ၂၀အပြင်​ ရာဇသတ်​ကြီးပုဒ်​မ ၅၀၅ ခ၊ ဂ တို့နဲ့ တရားရင်​ဆိုင်​​နေရပါတယ်​။

သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013