DVB Logo
Home
မြန်မာသတင်း
နေအိမ်ခြံဝန်းအတွင်း လမ်းဖြတ်ဖောက်သဖြင့် အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့ကို တရားစွဲ
DVB
·
August 18, 2018
နေအိမ်ခြံဝန်းအတွင်း လမ်းဖြတ်ဖောက်သဖြင့် အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့ကို တရားစွဲ
Donate to DVB

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် တော်ကလပ်ကြီးကျေးရွာအုပ်စု တော်ကလပ်ကြီးနဲ့ အေးမြသာယာ ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ရာမှာ နေအိမ်ခြံဝန်းအတွင်း အုပ်ချူပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အေးမြသာယာကျေးရွာပြည်သူတွေ အင်အားသုံး ဝင်ရောက်ဖောက်လုပ်တဲ့အတွက် သာရဝေါရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့ ခြံပိုင်ရှင်တွေက ပြောပါတယ်။

ခြံပိုင်ရှင်ဦးအေးနိုင်က “ကျနော်တို့ခြံက ပိုင်ဆိုင်မှုအကုန်ရှိတယ်။ ဒါကို ၂ဝ၁၇ ခုနှစ်က ၇ လပိုင်း ၁၈ ရက်နေ့ကလာပြီး လမ်းဖောက်တော့ ကျနော်တို့တားတယ်။ တားမရလို့ မြို့နယ်အုပ်ချူပ်ရေးမှူးကို သွားပြောပြီးတားခိုင်းတော့ တားပေးတယ်။ ဒါပေမယ့် မရဘူး သူတို့က လမ်းကိုပြီးအောင်ဖောက်သွားတယ်။ ကျနော်တို့က မြို့နယ်အုပ်ချူပ်ရေးမှူးကို ပြောပြီး လမ်းကိုပိတ်လိုက်တော့ ကျနော်တို့မိသားစုတွေကို တရားစွဲတယ်။ တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့အချိန်မှာ အခု ၂ဝ၁၈ ခုနှစ် ၈ လပိုင်းမှာ အုပ်ချူပ်ရေးမှူးနဲ့ အဖွဲ့တွေ အေးမြသာယာရွာက လူတွေ၊ ရဲတွေနဲ့ အင်အားသုံးပီးလမ်းကို ထပ်ဖောက်နေတာပါ။ ကျနော်တို့ မကျေနပ်လို့ သာရဝေါရဲစခန်းမှာ အမူဖွင့်ထားပါတယ်” လို့ပြောပါတယ်။

ခြံပိုင်ရှင် မသက်ထက်နိုင်က “ကျမတို့ ဘိုးဘွားတွေ လက်ထက်ထဲက အခွန်ပြေစာတွေ ဆောင်ပြီးနေခဲ့တဲ့ခြံကို အခုကျေးရွာအုပ်ချူပ်ရေးမှူးနဲ့ မြို့နယ်မြေစာရင်းက (AO)မြေ အမျိုးအစားဖြစ်ပြီး ကျေးရွာမြေဖြစ်တယ်လို့ ပြောတယ်။ အခုလမ်းဖောက်တဲ့ အေးမြသာယာရွာက စားကျတ်မြေထဲမှာ ကျူးကျော်နေတဲ့ ရွာဖြစ်တယ်။ ဒါကိုမြေစာရင်းက ပြေစာထုက်ပေးထားတယ်။ အခုလမ်းဖောက်တဲ့ နေရာက လမ်းဟောင်းလည်းမရှိဘူး။ ဒါကိုအုပ်ချူပ်ရေးမှူးနဲ့ အဖွဲ့တွေက ရဲတွေခေါ်လက်နက်တွေနဲ့လာပြီး အတင်းအဓမ္မ လမ်းဝင်ဖောက်တာက ပြည်သူကို အာဏာသုံးပြီး အနိုင်ကျင့်တာပါ။ ကျမတို့က သာရဝေါရဲစခန်းမှာ အမှုသွားဖွင့်တော့ ကျန်တဲ့သူတွေကို အမှုဖွင့်ပေးပြီး အုပ်ချူပ်ရေးမှူးကို တရားစွဲခွင့်ပေးဖို့ သက်ဆိုင်ရာဌာန ဆိုင်ရာတွေခွင့်ပြုမှ တရားစွဲလို့ရမှာဆိုပြီး အမှုဖွင့်မပေးဘူး” လို့ ပြောပါတယ်။

တော်ကလပ်ကြီးကျေးရွာ အုပ်ချူပ်ရေးမှူး ဦးသိန်းဝင်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာ “အခုလမ်းဖောက်တဲ့ ခြံက(အေအို)မြေ အမျိုးအစားဖြစ်ပြီး ကျေးရွာအုပ်ချူပ်ရေးမှူး စီမံပိုင်ခွင့်ရှိတဲ့မြေပါ။ လမ်းဖောက်ဖို့ကို မြို့နယ်အုပ်ချူပ်ရေးမှူးနဲ့ မြို့နယ်မြေစာရင်းက ခွင့်ပြုထားလို့ လုပ်တာပါ” လို့ပြောပါတယ်။

၂ဝ၁၇ ခုနှစ် ၇ လပိုင်းကစတင်ပြီး ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ရာမှာ ပိုင်ဆိုင်မူရှိပြီးသား နေအိမ်ခြံဝင်းအတွင်း အုပ်ချူပ်ရေးမှူးနဲ့ အဖွဲ့တွေက ရဲအင်အားသုံးပြီး အတင်းလမ်းဖောက်လုပ်ခဲ့ရာ ခြံပိုင်ရှင်တွေက လမ်းပိတ်ခဲ့တဲ့အတွက် မိသားစုဝင် ၁ဝ ဦး လက်ပံတန်းတရားရုံးမှာ တရားစွဲဆိုထားပြီး လက်ရှိအမှုရင်ဆိုင်နေချိန်မှာ အုပ်ချူပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေက ထပ်မံအင်အားသုံးပြီး လမ်းဖောက်လုပ်တာ ဖြစ်ပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013