DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်တဦးကို ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် တရားစွဲ
DVB
·
June 9, 2018
ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်တဦးကို ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် တရားစွဲ
Donate to DVB

ပဲခူးတိုင်း စည်ပင်ဝန်ကြီးဟောင်း၊ သာယာဝတီမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်က မြို့နယ် အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲဆိုထားလို့ ရုံးတင် စစ်ဆေးနေပါတယ်။

အလင်းအိမ် ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဝန်ကြီးဓာတ်ပုံကို ယူသုံးထားတဲ့အတွက် သာယာဝတီမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့  ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်က အမှုဖွင့်ထားပြီး ဇွန်လ ၈ ရက်နေ့မှာ သာယာဝတီမြို့နယ် တရားရုံးမှာ တရားစွဲ ရုံးတင်စစ်ဆေးနေတာလို့ အလင်းအိမ်အကောင့်ပိုင်ရှင် ကိုဝင်းထွန်းဇော်(ခ)ဂျာလေးက ပြောပါတယ်။

“ကျနော့် အကောင့်တခုတည်းကို တရားစွဲတာပါ။ သူ့ဓာတ်ပုံကို ယူသုံးတယ်ဆိုတာ ဂုဏ်သိက္ခာညှိုနွမ်းစေတဲ့ ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူး။ ပဲခူးတိုင်း တတိုင်းလုံး သူ့ဓာတ်ပုံတွေ ယူသုံးနေကြတာပဲ။ သူ့ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ရေးသားထားတဲ့ အကောင့်တွေ၊ တရားစွဲသင့်တဲ့ အကောင့်တွေ သူသိပါတယ်၊ အများကြီးပါ။ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးမောင်မောင်လွင်က အတွင်းရေးမှူး၊ ကျနော်က သတင်းနဲ့ပြန်ကြားရေး တာဝန်ထမ်းဆောင်ကြတာပါ။ စည်ပင်ဝန်ကြီးအဖြစ်က ရပ်နားလိုက်ရတဲ့ တိုင်စာတွေက ကျနော့်ဆီကနေ တက်တာဆိုတော့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေနဲ့ တရားစွဲတယ်” လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်က “တရားစွဲရတာအချက် ၃၀ ကျော်ရှိတယ်။ သူက လူတဦးချင်း တိုက်ခိုက်မှုပုံစံတွေနဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ရေးသားပြီးတင်တော့ ဦးရဲ့ဂုဏ်သိက္ခာကို ထိခိုက်တာပေါ့။ ဇန်နဝါရီလမှာ ဝန်ကြီးအဖြစ်က နုတ်ထွက်တယ်။ မြို့နယ်မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံစည်းဝေးပွဲတွေလုပ်တယ်။ နောက်နေ့သူက ဖေ့စ်ဘွတ်ခ်ပေါ်မှာထပ်တင်တယ်။ အဲမှာဦးရဲ့ ပုဂ္ဂိုလ်ရေးတွေ လူမှုရေးတွေပါပါလာတယ်။ ဦးတို့မှာရှေ့ဆက်လုပ်ရမယ့် အလုပ်တွေအများကြီးရှိသေးတယ်။ သူကအခုလို တိုက်ခိုက်နေတော့ ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေမှာ ထိခိုက်တာတွေရှိလာနိုင်တဲ့ အတွက် အခုလိုတရားစွဲရတာပါ” လို့ပြောပါတယ်။

အမှုကို မနေ့က ဇွန်လ ၈ ရက်နေ့၊ သာယာဝတီမြို့နယ်တရားရုံးမှာ စတင် စစ်ဆေးခဲ့ပြီး အလင်းအိမ် ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို ဝန်းရံသူတွေလည်း လာရောက်ခဲ့ပါတယ်။

သတင်း မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013