DVB Logo
Home
မြန်မာသတင်း
ပိတ်မိသူများလွတ်မြောက်ရေးတောင်းဆိုသူများအား ထောင်ဒဏ်ချမှုအပေါ် ဆန္ဒပြသူများကို ထပ်မံတရားစွဲ
DVB
·
December 8, 2018
ပိတ်မိသူများလွတ်မြောက်ရေးတောင်းဆိုသူများအား ထောင်ဒဏ်ချမှုအပေါ် ဆန္ဒပြသူများကို ထပ်မံတရားစွဲ
Donate to DVB

ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် ပိတ်မိနေသူတွေ လွတ်မြောက်ဖို့ တောင်းဆိုခဲ့သူတွေအား ထောင်ဒဏ်တွေ ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ ဆန္ဒပြခဲ့သူတွေကို မနေ့က ထပ်ပြီးအမှုဖွင့် တရားစွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ရွှေနဲ့ ပယင်းမှော်တွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပြီး ပိတ်မိနေတဲ့ ပြည်သူတွေကိုလွှတ်ပေးဖို့ ကချင်လူငယ်ထုတွေဟာ မေ ၃ဝ လက သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် မနန်ပူ၊ ကိုဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ ၃ ယောက်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ပုဒ်မ ၅ဝဝ နဲ့ အမှုဖွင့်ခဲ့ပြီး  မနေ့ကတော့ သူတို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း အမိန့်ချမှတ်ခဲ့တာပါ။

အမိန့်ချပြီးတဲ့အခါ သူတို့ကို ဝန်းရံသူတွေက တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ပြီးတော့ အဲဒီကနေ မနောကွင်းကို လမ်းလျှောက်ခဲ့ကြပါသေးတယ်။

ဦးဆောင်ပါဝင်သူတယောက်ဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်က တရားရုံးက ဆုံးဖြတ်တာဟာ စစ်ဆေးလို့ရတဲ့ ရလာဒ်အတိုင်းမဟုတ်ဘူးလို့ ပြောပါတယ်။

“We want justice ဆိုတဲ့ ပိုစတာတွေတွေရေးတယ်။ တရားမျှတစွာ စီရင်ပေးရေးဆိုတာတွေ ရေးပြီး ဆန္ဒတွေ ထုတ်ဖော်တယ်။ ကြိုတင်ခွင့်ပြုမိန့် မတင်ထားဘူးဆိုပြီး ကျမတို့ကို တရားစွဲဆိုတာ ဖြစ်တယ်။ ကိုဘရန်မိုင်ကို အရင်ဆုံးဖမ်းခေါ်သွားတယ်။ ညနေပိုင်း ၃ နာရီလောက်မှာ ပုဒ်မ ၁၉ နဲ့ တရားစွဲထားတယ်ဆိုပြီး ရဲစခန်းက အကြောင်းကြားလာတယ်” လို့ ပြောပါတယ်။

သူတို့ကို ရဲစခန်းမှာ စစ်ဆေးပြီး ည ၈ နာရီလောက်မှာတော့ အာမခံနဲ့ ပြန်လာခဲ့ရတယ်လို့လည်း ပြောပါတယ်။

“ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ဆိုပြီး ကျောင်းတွေမှာရော၊ အပြင်မှာရော သွန်သင်ခံရတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ လူသားချင်းစာနာထောက်ထားပြီး ဒီလိုလုပ်လိုက်တဲ့အချိန်မှာ တပ်မတော်ကို အသရေဖျက်ပါတယ်ဆိုပြီး တရားစွဲဆိုလိုက်တယ်။ ၈ လနီးပါး စစ်ဆေးပြီး စစ်ဆေးတဲ့ရလာဒ်အတိုင်း ဆုံးဖြတ်ချက်ချတာမျိုး မဟုတ်ဘဲနဲ့ ချချင်သလိုချလိုက်တာဖြစ်လို့ တရားစီရင်ရေးဟာ လုံးဝ လွတ်လပ်မှုမရှိဘူး။ တရားစီရင်ရေးရဲ့ အထက်မှာ တစုံတခုက ရှိနေတယ်ဆိုတာ အရမ်းကို ပေါ်လွင်နေတယ်။ နောက်တခုက လူငယ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့အတွက် တော်တော်လေး ခြိမ်းခြောက်ခံရတယ်လို့ပဲ ပြောချင်ပါတယ်” လို့ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။

သူနဲ့အတူ ဆရာ ဘရန်မိုင်၊ ကိုဆိုင်းခွမ်အောင်တို့ကိုလည်း ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပြီး လာမယ့် တနင်္လာနေ့မှာ မြစ်ကြီးနားတရားရုံးမှာ စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013