DVB Logo
Home
နိုင်ငံတကာ
သတင်းထောက်အား သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရသူ စီးပွားရေးလုပ်ငန်းရှင်ကို အပြစ်မရှိကြောင်း အမိန့်ချ
DVB
·
September 3, 2026
Photo: REUTERS/Darrin Zammit Lupi
Photo: REUTERS/Darrin Zammit Lupi
Donate to DVB

မော်လ်တာနိုင်ငံမှာ စုံစမ်းထောက်လှမ်းရေး သတင်းထောက် ဒက်ဖှနီ ကာရွာနာ ဂါလီဇီယာ ကို လုပ်ကြံဖို့ စေခိုင်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မော်လ်တာ စီးပွားရေးလုပ်ငန်းရှင် ယော်ဂန် ဖဲနတ်ချ် ကို ဂျူရီလူကြီးတွေရဲ့ စစ်ဆေးကြားနာမှုအပြီး စက်တင်ဘာ ၂ ရက်မှာ တရားရုံးက အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဖဲနစ်ချ်ဟာ လူသတ်မှုမှာ ပူးပေါင်းပါဝင်မှု၊ လူသတ်ဖို့ ရာဇဝတ်ဂိုဏ်းဖွဲ့မှုတို့နဲ့ တရားစွဲဆိုခံထားရတာပါ။ တကယ်လို့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင်တော့ တသက်တကျွန်း ပြစ်ဒဏ်အထိ ကျခံရဖွယ် ရှိခဲ့ပါတယ်။

သတင်းထောက် ကာရူအာနာ ဂါလီဇီယာဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းက သူ့ရဲ့ အိမ်ပြင်ပမှာ ကားဗုံးခွဲခံရပြီး အသက် ၅၃ နှစ်အရွယ်မှာ သေဆုံးခဲ့ရတာပါ။ 

သူ အသတ်ခံရမှုဟာ ဥရောပတခွင်လုံးကို တုန်လှုပ်သွားစေခဲ့သလို မော်လ်တာနိုင်ငံရဲ့ နိုင်ငံရေးမှာလည်း ဂယက်ကြီးကြီးမားမား ရိုက်ခတ်ခဲ့ပြီး မော်လ်တာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ပျက်ယွင်းမှုတွေအပေါ် နိုင်ငံတကာက အထူးအလေးပေး စောင့်ကြည့်စရာ ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013