
အီရန်နိုင်ငံရဲ့ လိုလားချက်တွေကို လိုက်လျောမပေးရင် စစ်ပွဲကို ထိုးစစ်ဆင်တဲ့အဆင့်ကို ပြောင်းလဲ သွားဖို့က နိုင်ငံရဲ့အဓိပတိ မိုဂျ်တာဘာ ခါမေနီရဲ့ သေချာပေါက် မဟာဗျူဟာဖြစ်တယ်လို့ သူ့ရဲ့ အကြံပေး မိုဟာမက်မော့ခ်ဘာက ဩဂုတ် ၁၃ ရက်မှာ ပြောပါတယ်။
လက်ရှိအခြေအနေတွေအရ အမေရိကန်ဟာ ပါရှန်းပင်လယ်ကွေ့ရှိ မဟာမိတ်တွေကို မကာကွယ် ပေးနိုင်ဘူးဆိုတာကို သက်သေပြနေတယ်လို့ မော့ခ်ဘာက သူ့ရဲ့လူမှုကွန်ရက်စာမျက်မှာ ရေးပါတယ်။
ဒါ့အပြင် "ဒေသတွင်း စနစ်သစ်တခုအတွက် အခိုင်မာဆုံး နည်းလမ်းမှာ ဝါရှင်တန်ရဲ့ စစ်ရေး အာမခံချက်တွေ အပေါ် မှီခိုခြင်းမရှိဘဲ ဟော်မုဇ် စီးပွားရေးနဲ့လုံခြုံရေး ယန္တရားကို အကောင်အထည် ဖော်ခြင်းပဲဖြစ်တယ်" လို့လည်း မိုဟာမက်မော့ခ်ဘာက ဆိုပါတယ်။
တချိန်တည်းမှာပဲ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ်ရဲ့ အကြံပေး မိုဟာမက် ရေဇာနက်ဒီ က PBS သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ အမေရိကန်က အီရန်အပေါ် နျူကလီးယားဗုံး အသုံးပြုလာနိုင်ခြေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
တကယ်လို့ အမေရိကန်က အဲဒီလိုလုပ်ရဲရင် နောက်နေ့ မနက်မှာပဲ ကမ္ဘာတဝန်းရှိ အမေရိကန် စစ်စခန်းအားလုံး သိမ်းပိုက်ခံရလိမ့်မယ်လို့ မိုဟာမက်မော့ခ်ဘာက သတိပေးပြောကြားခဲ့ပါတယ်။
Source: Reuters











