
ကွယ်လွန်သွားတဲ့ အီရန်နိုင်ငံရဲ့ အဓိပတိ ခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ ရဲ့ ဈာပန အခမ်းအနားကို တိုက်တိုက်ဆိုင်ဆိုင်ပဲ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်မှာ တီဟီရန်မြို့မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။
အသက် ၈၆ နှစ်အရွယ်ရှိတဲ့ ခါမေနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။ မူလက မတ်လထဲမှာ မြှုပ်နှံဖို့ စီစဉ်ထားခဲ့ပေမဲ့ စစ်ပွဲတွေကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
ဈာပနကို ဇူလိုင် ၇ ရက်နေ့ ကွမ်မြို့မှာ ဆက်လက်ပြုလုပ်ပြီး ဇူလိုင် ၉ ရက်ကျမှ သူ မွေးဖွားရာ မာရှတ်မြို့မှာ သင်္ဂြိုဟ်မယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
ခါမေနီဟာ အီရန်နိုင်ငံကို ၁၉၈၉ ခုနှစ်ကတည်းက နှစ်ပေါင်း ၃၆ နှစ်ကြာ ဦးဆောင်ခဲ့ပြီး အမေရိကန် ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ သူ့ရဲ့သားဖြစ်သူ မိုဂျတာဘာ ခါမေနီ က ဖခင်ရဲ့နေရာကို ဆက်ခံပြီး ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။
တဖက်မှာလည်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်က အမေရိကန်နဲ့ အီရန်တို့ကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီချက် ရရှိထားပြီလို့ ဇွန် ၁၃ ရက်မှာ ပြောပါတယ်။
Source:Reuters










