DVB Logo
Home
မြန်မာသတင်း
တမူးတွင် ခိုးဆိုးလုနှိုက်များ ပိုများလာ၊ မူးယစ်ဆေးသုံးစွဲသူ အများဆုံး ကျူးလွန်
DVB
·
January 19, 2019
တမူးတွင် ခိုးဆိုးလုနှိုက်များ ပိုများလာ၊ မူးယစ်ဆေးသုံးစွဲသူ အများဆုံး ကျူးလွန်
Donate to DVB

တမူးမြို့အတွင်းမှာ ယခင်နှစ်များထက် ခိုးဆိုးလုနှိုက်တွေ ပိုမိုများပြားလာပြီး နှစ်လအတွင်း ဆိုင်ကယ်ခိုးမှု၊ ဖုန်းခိုးမှု၊ ဆိုင်ဖောက်ထွင်းမှု၊ ဆိုင်အတွင်း လုယက်မှုတွေကို မူးယစ်ဆေးသုံးစွဲနေမှုများက အများဆုံး ကျူးလွန်နေကြောင်း သိရပါတယ်။

တမူးမြို့မရဲစခန်းမှူး ကိုဇော်ထွန်းက “ကျနော့်အ​နေနဲ့ ရပ်ကွက်အတွင်းက အခြေအ​နေတိုင်းကို မသိနိုင်​ဘူး။ ရပ်ကွက်အတွင်းက ပြည်​သူပူး​ပေါင်းမှ သိနိုင်​မှာပါ။ တမူး-အိန္ဒိယနယ်​စပ်​ဖြစ်​တယ်။ ​ဆေးသမား​တွေ​ရှိနေ​တော့ အခုကြား​နေတဲ့ အိမ်​ထဲထိ ဝင်​​ရောက်​ခိုး​နေတဲ့ အသံ​တွေကြား​နေရတယ်။ အမှုဖွင်​ရင်​ ခိုးသူရဲ့သဲလွန်​စရရင်​ ကျနော်တို့ တာဝန်​​ကျေ​အောင်​ လိုက်​ပြီးဖမ်းပါတယ်။ ​ရဲစခန်းအ​နေနဲ့ အခုရပ်ကွက်တိုင်းကို အ​ကြောင်းကြပြီး ရပ်​အတွင်းရှိ ပြည်​သူနဲ့ ပူး​ပေါင်းပြီး ကင်းလှည့်​ဖို့ ယခုရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး​တွေကို အ​ကြောင်းကြားထားပါတယ်​။ ရဲ​တွေအ​နေနဲ့ ကင်းလှည့်ပါတယ်။ လူမှူ​ရေးအသင်း​တွေလည်း ပါဝင်​ကူညီကြပါတယ်​။ ပြည်​သူပါပူး​ပေါင်းပါဝင်​​စေချင်​ပါတယ်” လို့ ပြောပါတယ်​။

ဒီခိုးဆိုးလုနှိုက်တွေဟာ ရပ်ကွက်တိုင်းလိုလိုဖြစ်နေပြီး မြန်မာ-အိန္ဒိယနပ်စပ်ဖြစ်တဲ့ No.(1) နဲ့ No.(2) ဂိတ်ကြား ဗိုလ်နိုင်ဝင်း လမ်းဘေးတဖက်တချက်တွေမှာ မူးယစ်ဆေးသုံးစွဲနေသူတွေ ကျက်စားနေတာကို တမူးမြို့ပေါ်ရှိ ဌာနဆိုင်ရာတွေနဲ့  အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးက ပြတ်ပြတ်သားသား ဝိုင်းဝန်းလုပ်ဆောင်နိုင်ကြဖို့ အရေးကြီးတဲ့ အချက်ဖြစ်နေတယ်လို့ တမူးမြို့သူမြို့သားတွေက ပြောဆိုနေကြပါတယ်။

ဈေးတန်းအုပ်​ချုပ်​​ရေးမှူး ဦးမြင့်​​မောင်​က “အခုခိုးယူမှု​တွေက ​တော်​များများဖြစ်​​နေပါတယ်။ ရဲစခန်းကို အမှုသိပ်​မဖွင့်ကြဘူး။ အမှုမဖွင့်ဘဲ ခိုးမှု အခုလအတွင်းကို ၇ အိမ်​​လောက်​ရှိပါတယ်။ အ​ကြောင်းကြာတာ​လောက်​ပဲ ရှိပါတယ်​​။ ငွေ​ကြေးသီးသန့်ယူတာမျိုးမဟုတ်​ဘဲ အဝတ်​အထည်​နဲ့ ​တွေ့တာ အကုန်​ယူတဲ့ပုံပါ​။ ဖောက်​ထွင်းသမားကြီး​တွေလို ​ရွှေ​ငွေအဓိကထား ခိုးတာမျိုးမကြားမိဘူး။ ​ဆေးသုံးစွဲသူအများစု ခိုးတယ်​လို့ ထင်​ပါတယ်​။ တခြားနယ်က လာ​ရောက်​ခိုးတယ်​ မထင်​ပါဘူး။ ဒီအတွက်လည်း ကျနော်တို့ ရပ်ကွက်တွေပူးပေါင်းပြီး ကင်းလှည့်မှာပါ” လို့ ​ဈေးတန်း အုပ်​ချုပ်​​ရေးမှူးဦးမြင့်​​မောင်​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013