
မြန်မာစစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူတို့ဟာ လာအိုနိုင်ငံကို လာမဲ့ ဇူလိုင် ၃ ရက်မှာ သွားရောက်မယ်လို့ လာအိုနိုင်ငံအခြေစိုက် Vientiane Times သတင်းဌာနက သတင်းထုတ် ပြန်ပါတယ်။
၃ ရက်ကြာမဲ့ ခရီးစဉ်ကို လာအိုသမ္မတသွန်လွန် စီဆူလစ်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာ ဖြစ်ပြီး ၂ နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်နိုင်ဖို့ အတွက် အရေးပါတဲ့ခရီးစဉ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်ဟာ အာဏာရှင်သမ္မတရဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်မှု တတိယအကြိမ်မြောက် လည်း ဖြစ်ပါတယ်။
စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်ဟာ မကြာသေးမီက တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပြီး ဒီခရီးစဉ်ဟာလည်း သံတမန်အရေးလှုပ်ရှားမှုတခုဖြစ်တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။











