DVB Logo
Home
မြန်မာသတင်း
တရားမျှတမှုအတွက် ရော့ခ်ဂီတဖျော်ဖြေပွဲ ဒီဗွီဘီက တိုက်ရိုက်ထုတ်လွှင့်မည်
DVB
·
January 15, 2019
တရားမျှတမှုအတွက် ရော့ခ်ဂီတဖျော်ဖြေပွဲ ဒီဗွီဘီက တိုက်ရိုက်ထုတ်လွှင့်မည်
Donate to DVB

ပြောကြမယ် - Let's Talk အစီအစဉ်က တင်ဆက်မယ့် "We Rock for Justice" လို့ အမည်ပေးထားတဲ့ တေးဂီတဖျော်ဖြေပွဲကို လာမယ့် ဇန်နဝါရီ ၂၇ ရက်ညမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပသွားမယ့် ဒီပွဲတော်မှာ နာမည်ကြီး တီးဝိုင်းတခုဖြစ်တဲ့ အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ တေးသံရှင် ဇော်ဝင်းထွဋ်၊ ဝေလ၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ အိမ့်ချစ်၊ သားငယ်၊ T-ဇင်တို့က ပါဝင်သီဆိုသွားကြမှာ ဖြစ်ပါတယ်။

ညနေ ၆ နာရီကနေ ၉ နာရီထိ ကျင်းပမယ့် ဒီတေးဂီတဖျော်ဖြေပွဲမှာတော့ ပရိသတ်တွေ အတွက် အခမဲ့ လက်မှတ်စောင်ရေ တသောင်းကို ကြိုတင်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

တရားမျှတမှုအတွက် သီဆိုဖျော်ဖြေကြမယ့် ဒီတေးဂီတဖျော်ဖြေပွဲကိုတော့ Media Partner ဖြစ်တဲ့ ဒီဗွီဘီရုပ်သံ အစီအစဉ်ကနေလည်း တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ပြောကြမယ်-Let's Talk  အစီအစဉ်ဆိုတာ ခွင့်တူညီမျှ လူမှုဘဝဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မတရားမှုတွေ ကြုံရတဲ့အခါ အချင်းချင်း အပြန်အလှန် ပူးပေါင်းကူညီနိုင်စေဖို့ ပြည်သူလူထုကြား တရားမျှတမှုဆိုင်ရာ ကိစ္စတွေ ပြောဆိုဆွေးနွေးလာစေရေး အားပေးတဲ့ တရားမျှတမှုဆိုင်ရာ အစီအစဉ်တခု ဖြစ်ပါတယ်။

အများပြည်သူ အကျိုးအတွက် ရည်ရွယ်ဆောင်ရွက်နေတဲ့ My Justice ရဲ့ တရားမျှတမှုဆိုင်ရာ အစီအစဉ်တခုဖြစ်ပြီး British Council ကနေ ဥရောပသမဂ္ဂရဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ ဒီအစီအစဉ်မှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား ဇဏ်ခီကို သံတမန်အဖြစ် ခန့်အပ်ထားပြီး တရားမျှတမှု ရရှိနိုင်ဖို့ ဆောင်ရွက်နိုင်မယ့် သတင်းအချက်အလက်တွေကိုလည်း ပြည်သူတွေအတွက် မျှဝေပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013