DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် ၂ ဦး အပါအဝင် အမျိုးသား ၇ ဦးကို တပ်မတော် ဖမ်းဆီးထိန်းသိမ်း
DVB
·
June 26, 2017
ဒီဗွီဘီသတင်းထောက် ၂ ဦး အပါအဝင် အမျိုးသား ၇ ဦးကို တပ်မတော် ဖမ်းဆီးထိန်းသိမ်း
Donate to DVB

ဒီဗွီဘီသတင်းအေဂျင်စီက အကြီးတန်း သတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းအေဂျင်စီက သတင်းထောက် ဦးသိန်းဇော်တို့ အပါအ၀င် အမျိုးသား ၇ ဦးတို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ညနေ သတင်းထုတ်ပြန်ပါတယ်။

"ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်းမှာ တပ်မတော်စစ်ကြောင်းက လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေရာမှာ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲမှာ နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး နမ့်ဆန်ဘက်ကနေ သီပေါဘက်ကို မောင်းနှင်လာတဲ့ မသင်္ကာဖွယ် လင်ခရူဇာအမျိုးအစားယာဉ်နဲ့ WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတို့ကို ရပ်တန့်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ယာဉ် ၂ စီးမှာ လိုက်ပါလာတဲ့ ဒီဗွီဘီ သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းအေဂျင်စီမှ သတင်းထောက် ဦးသိန်းဇော်တို့ အပါအ၀င် အမျိုးသား ၇ ဦးတို့ကို စစ်ဆေးဖော်ထုတ်ရာမှာ နိုင်ငံတော်အစိုးရနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အား လက်နက်ကိုင် ဆန့်ကျင်လျက် ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုပျက်ပြားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိတဲ့ တီအန်အယ်လ်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် တရားဥပဒေနှင့် အရေးယူဆောင်ရွက်နိုင်ရေး လားရှိုးမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံထားကြောင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း" တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီသတင်းဌာနက သတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်တို့ဟာ တီအန်အယ်လ်အေကပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သွားရောက်သတင်းရယူတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013