DVB Logo
Home
မြန်မာသတင်း
မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
DVB
·
February 12, 2018
မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
1 / 3
Donate to DVB

ချင်းမိုင်တက္ကသိုလ်နဲ့ ဒီဗွီဘီ မီဒီယာတို့ ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချင်းမိုင်တက္ကသိုလ်ရှိ Faculty of Mass Communication ဌာနမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မာလ်တီမီဒီယာအကယ်ဒမီ သတင်းပညာသင်တန်း 1st Batch ပထမဦးဆုံးနေ့ အခမ်းအနားကို ချင်းမိုင်တက္ကသိုလ် Faculty of Mass Communication မှ ပါမောက္ခချုပ် Mr Terapatt Vannaruemol နဲ့ ဒီဗွီဘီ မီဒီယာမှ အမှုဆောင်ဒါရိုက်တာ ဦးအေးချမ်းနိုင်တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ သင်တန်းသားတွေကို သင်တန်းစတင်တည်ထောင်ဖြစ်ခဲ့ပုံ၊ ပထမဦးဆုံး ဒေသတွင်းတက္ကသိုလ်နဲ့ တွဲဖက်ဖွင့်လှစ်တဲ့ သင်တန်းတည်ထောင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။

မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်း 1st batch ကို သင်တန်းသားဦးရေ ၁၉ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ စာတွေ့ လက်တွေ့ ပေါင်းစပ်သင်ကြား ပို့ချသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013