
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေက သူ့ရဲ့ မျက်နှာကို အာဏာရှင်ရုပ်ပုံတွေမှာ AI နဲ့ ပြင်ဆင်ထားတဲ့ မီးမ် (Meme) တွေနဲ့ ပတ်သက်လို့ စာနာမှုနဲ့ အသိပညာ နည်းပါးလွန်းတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် အမ်ဘာပေက ဟာသလုပ်တာကို နားလည်ပေမဲ့ သမိုင်းမှာ လူပေါင်းများစွာ ကို ဒုက္ခပေးခဲ့တဲ့ အာဏာရှင်တွေနဲ့ သူ့ကို လာခိုင်းနှိုင်းတာကိုတော့ လက်မခံနိုင်ဘူးလို့ ပြောသွား ခဲ့တာပါ။
အဆိုပါ မီးမ်တွေဟာ အမ်ဘာပေရဲ့ ကွင်းတွင်း လွှမ်းမိုးနိုင်မှုကို ရည်ညွှန်းပြီး လူမှုကွန်ရက်မှာ ခေတ်စားနေတာ ဖြစ်ပါတယ်။
အမ်ဘာပေကတော့ လူမှုကွန်ရက်ပေါ်က အာဏာရှင် မီးမ်တွေဟာ သမိုင်းဝင် နစ်နာမှုတွေကို အလေးမထားရာ ရောက်တယ်လို့ သတိပေးသွားခဲ့ပါတယ်။
Photo: Reuters











