DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့် အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်
DVB
·
September 17, 2026
Photo: ADGPI - Indian Army
Photo: ADGPI - Indian Army
Donate to DVB

၅ ကြိမ်မြောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တပ်မတော် ပူးတွဲစစ်ရေးလေ့ကျင့်မှု (IMBAX) ကို အိန္ဒိယနိုင်ငံ၊ မေဃာလယပြည်နယ်ရှိ Umroi မှာ စက်တင်ဘာ ၁၅ ရက်က စတင်ပြုလုပ်နေတယ်လို့ အိန္ဒိယစစ်တပ်က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၅ ရက်ကနေ ၂၈ ရက်အထိ ၁၄ ရက်ကြာ ပြုလုပ်မဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ကုလသမဂ္ဂ လုပ်ပိုင်ခွင့်အောက်မှာ နှစ်နိုင်ငံ စစ်တပ်ကြား ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်စွမ်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဆင်ရေး အတွေ့အကြုံတွေ ဖလှယ်ဖို့နဲ့ အိန္ဒိယစစ်တပ် သုံးစွဲနေတဲ့ ပြည်တွင်းဖြစ် လက်နက်ကိရိယာတွေကို အာဏာသိမ်းစစ်တပ်က လေ့လာခွင့်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ အာဏာသိမ်းစစ်တပ်ကို သင်တန်းပေးတာ၊ စစ်တပ်အခမ်းအနားတွေကို တက်တာတွေ လုပ်သလို အိန္ဒိယနယ်စပ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013