DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင်နှင့်ပြေလည်မှုရ၍ ပဲခူးအထည်ချုပ်စက်ရုံ အလုပ်သမားများ သပိတ်စခန်း ပိတ်သိမ်း
DVB
·
December 29, 2018
အလုပ်ရှင်နှင့်ပြေလည်မှုရ၍ ပဲခူးအထည်ချုပ်စက်ရုံ အလုပ်သမားများ သပိတ်စခန်း ပိတ်သိမ်း
Donate to DVB

ပဲခူးမြို့က Bellmart and Greatmen Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်ရှင် အလုပ်သမားကြား ပြေလည်မှု ရရှိသွားပြီးဖြစ်တဲ့အတွက် သပိတ်စခန်းကို ဒီနေ့ ပိတ်သိမ်းလိုက်ပါတယ်။

ပဲခူးမြို့ စက်မှုဇုန်မှာရှိတဲ့ Bellmart and Greatmen Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်ဘက်က အရင်က ကတိကဝတ်ပြုခဲ့တဲ့ အချက်တွေကို မလိုက်နာတဲ့အပြင် အလုပ်သမားတွေ တောင်းဆိုတဲ့အချက် ၁၉ ချက်ကို မလိုက်နာတဲ့အတွက် အလုပ်သမားတွေက ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး လုပ်ငန်းခွန်မဝင်ဘဲ ဆန္ဒပြခဲ့ကြပြီး စက်ရုံရှေ့မှာထိ မဏ္ဍပ်ထိုးပြီး သပိတ်စခန်းကို ဖွင့်လှစ်ခဲ့ကြတာပါ။

ဒါပေမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ အလုပ်သမားညှိနှိုင်းရေးရုံးမှာ ညှိနှိုင်းမှု အောင်မြင်သွားပြီ ဖြစ်တဲ့အတွက် ဇန်နဝါရီ ၂ ရက်နေ့မှာ လုပ်ငန်းခွင် ပြန်ဝင်တော့မယ်လို့ သပိတ်စခန်းဦးဆောင်သူ ကိုအေးမင်းသန်းက ဒီဗွီဘီကို ပြောပါတယ်။

“အရင် ဇွန်လပိုင်းလောက်က စာချုပ်တခုကို ချုပ်ဆိုခဲ့ဖူးပါတယ်၊ အဲဒီစာချုပ်က အပိုဒ် ခ နဲ့ ဂ မှာပါတဲ့ ထုတ်လုပ်မှုဆုကြေး A B C D E ဆိုပြီး အဆင့် ၅ ဆင့်ရှိပါတယ်။ A ဆိုရင် ၂၁ဝဝဝ ကျပ်၊ B ဆိုရင် ၁၉ဝဝဝ ကျပ်၊ C ဆိုရင် ၁၇ဝဝဝ ကျပ် နဲ့ D ဆိုရင် ၁၅ဝဝဝ ကျပ် ပေးရမယ်ဆိုပြီး ပါပေမယ့် အလုပ်ရှင်ဘက်က မလိုက်နာတဲ့အတွက် အခုအခါ ဒီအချက်တွေကို လိုက်နာဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးမှာဖြစ်ကြောင်း နဲ့ အဲဒါတွေရရင် လုပ်ငန်ခွင်ပြန်ဝင်ပြီး ကျန်တဲ့အချက် ၁၉ ချက် ကိစ္စကိုတော့ လုပ်ငန်းခွန်အတွင်းကနေပဲ တောင်းဆိုဖို့ ပြောဆိုတဲ့အပေါ် အလုပ်သမားအားလုံးက သဘောတူတဲ့အတွက် လုပ်ငန်းခွန်ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်တာ။”

“အခုလိုပြေလည်သွားတာကို ကျမတို့အနေနဲ့ ပျော်ပါတယ်။ ဒီလိုအခြေအနေကြီးကို ဆက်မဖြစ်ခြင်ပါဘူး။ ဒါကြောင့် အားလုံးက ပျော်ကြပါတယ်” လို့ စက်ရုံဝန်ထမ်း မသဇင်ခိုင်က ပြောပါတယ်။

ပဲခူးတိုင်း စက်မှုဇုန်အတွင်းရေးမှူး ဦးဟိန်းထက်က “လက်ရှိအခြေအနေမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ်နေတာမှန်ပေမယ့် ကျနော်တို့နိုင်ငံကို လာရောက် အလုပ်လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ ဥပဒေကို လိုက်နာဖို့ လိုသလို အလုပ်သမားတွေဘက်ကလည်း ဥပဒေနဲ့အညီပဲ ဖြစ်စေခြင်တယ်” လို့ ပြောပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013