DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ သစ်တောဥပဒေနှင့် တပြေးညီဖြစ်ရေး လုပ်နေဟု ဘားအံသစ်တောဦးစီးဌာနပြော
DVB
·
December 29, 2018
ကေအန်ယူ သစ်တောဥပဒေနှင့် တပြေးညီဖြစ်ရေး လုပ်နေဟု ဘားအံသစ်တောဦးစီးဌာနပြော
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ သစ်တောဥပဒေက အစိုးရရဲ့ ဥပဒေနဲ့ လုပ်ငန်းရည်ရွယ်ချက် အကုန်တူတဲ့အတွက်ကြောင့် သစ်တောဥပဒေကို တပြေးညီဖြစ်အောင် ညှိနှိုင်းလုပ်ဆောင်နေတယ်လို့ ဘားအံ (ဖာပွန်တွဲဖက်) ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦးက ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ဖာပွန်ခရိုင်(မူတြော်) မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အခြေခံဥပဒေနဲ့ တည်ထောင်တာကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ဦးသန်းဦးက “ကေအန်ယူအဖွဲ့အစည်းတွေဘက်က သစ်တောဥပဒေရဲ့ သဘောတရား လုပ်ဆောင်ချက်တွေကိုကြည့်တာတော့ ကျနော်တို့လုပ်တဲ့ လုပ်ငန်းတွေနဲ့ ရည်ရွယ်ချက်တွေကတော့ အကုန်အတူတူပါပဲ။ ဖွဲ့ထားတဲ့ ကြိုးဝိုင်းတောတွေကို ကျနော်တို့ ဥပဒေနဲ့ ကိုက်ညီအောင် ညှိနှိုင်းပြီးတော့ တပြေးညီတည်းဖြစ်သွားအောင် လုပ်ဖို့ကြိုးစားနေတယ်”လို့ ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ဌာနချုပ်၊ ဖာပွန်ခရိုင်၊ (မူတြော်) ဥက္ကဋ္ဌ ပဒိုထဲဒန်က “လောလောဆယ် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို တည်ထောင်လိုက်ခြင်းအားဖြစ် ကျနော်တို့ ကေအန်ယူသွားနေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်တွေကိုလည်း အထောက်အကူပြုဖို့” လို့ ပြောပါတယ်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် ဒုတာဝန်ခံ စောအဲလက်စ် က “ဒီလို မိမိနယ်မြေ မိမိစီမံခန့်ခွဲတယ်ဆိုတာ အင်မတန်ကောင်းတဲ့အရာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဘာမှငွေကုန်ကြေးကျခံစရာ မလိုဘဲနဲ့ အသိအမှတ်ပြုပြီး ချစ်ချစ်ခင်ခင်နဲ့ နေလို့ရအောင် ငြိမ်းချမ်းရေးဖန်တီးနေတဲ့နေရာ လူအုပ်စုတွေကို အသိအမှတ်ပြုပြီးတော့မှ လက်တွဲပူးပေါင်းဖို့” လို့ကြောင်း ပြောပါတယ်။

ဖာပွန်ခရိုင်၊ လူသောခိုမြို့နယ်၊ တာအူးဒဲကျေးရွာ၊ စောဟီစေးက “ဒီလို တရားဝင်အသိအမှတ်ပြုပြီးတော့မှ ထင်ထင်ပေါ်ပေါ် လူသိထင်ရှားသတ်မှတ်လိုက်တဲ့ဟာ တကယ်ကို အင်မတန်မှ စိတ်ဓာတ်ကော၊ အလုပ်အကိုင်ကော တွန်းအားဖြစ်လာပြီးတော့ နယ်မြေတွေ ထိန်းသိမ်းကာကွယ်ဖို့အတွက် ပိုမိုပြီးတော့ အထောက်အကူဖြစ်လာတယ်” လို့ ပြောပါတယ်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို ကေအန်ယူသွားနေတဲ့ ငြိမ်းချမ်းရေး ခရီးစဉ်တွေ အထောက်အကူပြုဖို့၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးမဆုံးရှုံးရလေအောင် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ရှိနေတဲ့သဘာဝပတ်ဝန်း ကျင်တွေ ပြုပြင်ထိန်းသိမ်းဖို့၊ သားစဉ်မြေဆက်ထိ ဆက်လက်သုံးစွဲနိုင်ဖို့နဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းကာကွယ်တဲ့အနေနဲ့ ရည်ရွယ်ပြီး တည်ထောင်တာပါ။

ဥယျာဉ်ကို ပထမခြေလှမ်းအနေနဲ့ တရားဝင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အဖြစ် သတ်မှတ်တည်ထောင်နိုင်ခဲ့တာဖြစ်ပြီး လာမယ့်နှစ် အထွေထွေညီလာခံမှာ စီမံအုပ်ချုပ်ဖို့ ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်သွားမှာပါ။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ မြန်မာနိုင်ငံအရှေ့တောင်ဘက်၊ သံလွင်မြစ် အနောက်ဘက်ကမ်းမှာ တည်ရှိကာ ဧရိယာဧက ၁၃ သိန်းခွဲကျော် ကျယ်ဝန်းပြီး ဥယျာဉ်အတွင်းမှာ မြို့နယ် ၃ မြို့နယ်၊ ကျေးရွာအုပ်စု ၂၆ စု၊ ကျေးရွာပေါင်း ၃၄၈ ရွာ၊ အိမ် ထောင်စု ၉၈ဝဝ ကျော်၊ ကျား ၃၃ဝဝဝ ကျော်၊ မ ၃၄ဝဝဝ ကျော်၊ စုစုပေါင်း လူဦးရေ ၆၇ဝဝဝ ကျော်နေထိုင်ကြပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013