DVB Logo
Home
မြန်မာသတင်း
သတ္တမအကြိမ်မြောက် မွန်လူငယ်နေ့ ဘားအံတွင် ကျင်းပ
DVB
·
December 28, 2018
သတ္တမအကြိမ်မြောက် မွန်လူငယ်နေ့ ဘားအံတွင် ကျင်းပ
1 / 7
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ သံလှယ်စံပြကျေးရွာမှာ သတ္တမအကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ဒီနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

မွန်လူငယ်နေ့အခမ်းအနားကို တော်လှန်ရေးတလျှောက် အမျိုးသားကဏ္ဍာမှာ လှုပ်ရှားခဲ့တဲ့ မွန်အမျိုးသားခေါင်းဆောင်တွေကို ဂါရဝပြုတာ၊ မွန်ခေတ်သစ်လူငယ်တွေအနေနဲ့ မျှော်မှန်းနေတဲ့ နိုင်ငံရေးပန်းတိုင်၊ အမျိုးသားရေးတွေကို အားလုံးပူးပေါင်းပြီး ရှေ့ဆက်သွားကြဖို့ ရည်ရွယ်ပြီး လူငယ်တွေစုစည်းပြီး ပြုလုပ်တာပါ။

မွန်လူငယ်နေ့အခမ်းအနား ကျင်းပရေးကော်မတီ၊ ဥက္ကဋ္ဌ မင်းဇာနည်ဦးက "အမှားက အမှန်အဖြစ်၊ အမှန်က အမှားဖြစ် အဲလိုမျိုး မှောင်ချခံခဲ့ရတယ်၊ ကြီးစိုးခံခဲ့ရတယ်။ အခုမှ လူငယ်တွေ နည်းနည်းနိုးကြားလာတယ်။ အဲဒါကို ကျနော်တို့က မပျောက်ကွယ်အောင် မဆုံးရှုံးသွားအောင် ပြန်လည်းမြှင့်တင်ရမယ်၊ ပြန်လည်ကုစားရမယ်။ အခု ကျနော် နှိုင်းယှဉ်မယ်ဆိုရင် လူငယ်တွေ နိုင်ငံတကာအသိုက်အဝန်းမှာ အောက်ကျနောက်ကျဖြစ်နေတယ်" လို့ ပြောပါတယ်။

တိုင်းရင်းသားထဲမှာလည်း လူနည်းစုနဲ့ လူများစုကွာခြားမှုတွေရှိသလို အရင်ကလူငယ်တွေ၊ ခေါင်းဆောင်ကြီးတွေ ချမှတ်သွားတဲ့ လမ်းစဉ်တွေ၊ ကြိုးပမ်းသွားတဲ့ အရာတွေကို ဆက်လက်ထမ်းဆောင်သွားဖို့နဲ့ အကောင်အထည်ဖော်သွားဖို့လည်း လိုတယ်လို့ ကော်မတီဥက္ကဋ္ဌက ပြောပါတယ်၊

အခမ်းအနားမှာ မွန်အမျိုးသားသီချင်းသီဆိုတာ၊ မွန်အမျိုးသားအလံ အလေးပြုတာ၊ မွန်အမျိုးသားခေါင်ဆောင်နဲ့ အမျိုးချစ်စစ်သည်တော် အလေးပြုတာနဲ့ ဆရာတော်ကြီးတွေထံက သြဝါဒခံယူတာနဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မွန်လူငယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

မွန်လူငယ်နေ့အခမ်းအနားကို ပထမဆုံးအကြိမ် ကြာအင်းဆိပ်ကြီးနဲ့ လမိုင်းမြို့နယ်ခွဲ၊ မုဒုံ၊ ကော့ကရိတ်၊ သံဖြူဇရပ်၊ ချောင်းဆုံမြို့နယ်တွေမှာ အသီးသီး ကျင်းပပြုလုပ်ခဲ့ပြီး သတ္တမအကြိမ်မြောက်အဖြစ် ဘားအံမြိုနယ်၊ သံလှယ်စံပြကျေးရွာမှာ ကျင်းပပြုလုပ်တာပါ။

အခမ်းအနားကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးက လူငယ်တွေနဲ့ ဖိတ်ကြားထားတဲ့ မွန်တိုင်းရင်းသားလူငယ်တွေ တက်ရောက်ခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013