
၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန် နောက်ဆုံးလက်ကျန်နေရာတွေအတွက် အဆုံးအဖြတ်ပွဲစဉ်တွေမှာ ဆွီဒင်၊ တူရကီနဲ့ ချက်အသင်းတို့ ခြေစစ်ပွဲအောင်မြင်သွားပါတယ်။
ဆွီဒင်က ပိုလန်ကို ယော့ကရက်ဇ်ရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ ၃ ဂိုး ၂ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
တခြားပွဲစဉ်တွေမှာတော့ တူရကီဟာ ကိုဆိုဗိုကို နိုင်ပြီး ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ပြန်ကစားခွင့် ရခဲ့သလို ချက်သမ္မတနိုင်ငံကလည်း ဒိန်းမတ်ကို ပင်နယ်တီနဲ့နိုင်ပြီး ၂၀၀၆ နောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
နာမည်ကြီး အီတလီကတော့ တယောက် အနီကတ် ပြခံရမှုနဲ့အတူ ဘော့စနီးယားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ၃ ကြိမ်ဆက် လွဲချော်သွားခဲ့ပါတယ်။











