DVB Logo
Home
မြန်မာသတင်း
အာကာသအကြောင်း လေ့လာရန် အသေးစားဂြိုဟ်တု ၁၃ လုံး နယူးဇီလန် လွှတ်တင်
DVB
·
December 17, 2018
အာကာသအကြောင်း လေ့လာရန် အသေးစားဂြိုဟ်တု ၁၃ လုံး နယူးဇီလန် လွှတ်တင်
Donate to DVB

ဆီလီကွန်တောင်ကြားက ရန်ပုံငွေ ပံ့ပိုးပေးထားတဲ့ ဒုံးပျံပစ်လွှတ်ရေးကုမ္ပဏီ Rocket Lab ဟာ အာကာသအကြောင်း လေ့လာဖို့အတွက် အသေးစားဂြိုဟ်တု ၁၃ လုံးကို နယူးဇီလန် ဒုံးပျံပစ်လွှတ်ရေး စခန်းကနေ ကမ္ဘာ့အနိမ့်ပိုင်း ဂြိုဟ်ပတ်လမ်းကြောင်းထဲကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပစ်လွှတ်ခဲ့ပါတယ်။

မေဟီအာကျွန်းဆွယ်ပေါ်မှာရှိတဲ့ ကမ္ဘာ့တခုတည်းသော ဒုံးပျံလွှတ်စခန်းကနေ တက်သွားခဲ့တဲ့ အီလက်ထရွန်ဒုံးပျံဟာ ၁၀ စင်တီမီတာ ကုဗတုံး အရွယ်အစားရှိတဲ့ သုတေသနဂြိုဟ်တု ၁၃ လုံးကို သယ်ဆောင်သွားခဲ့ပါတယ်။

အဲဒီဂြိုဟ်တုလေးတွေကို “CubeSats” လို့ခေါ်ပြီး သူတို့တွေက တက္ကသိုလ်အစုအဖွဲ့၊ အမေရိကန် အမျိုးသားလေကြောင်းနဲ့ အာကာသထိန်းချုပ်ရေးအဖွဲ့ (နာဆာ) တို့အတွက် အာကာသတွင်း လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်မှုတွေလို ကိစ္စတွေအတွက် အချက်အလက်တွေ စုဆောင်းပေးမှာ ဖြစ်ပါတယ်။

နာဆာရဲ့ လုပ်ဆောင်ချက်ကို နာနိုဂြိုဟ်တုများ ပညာပေးလွှတ်တင်မှု ဒါမှမဟုတ် ELaNA- 19 လို့ အမည်ပေးထားပါတယ်။

တကယ်လို့ ဒီလုပ်ဆောင်ချက်သာ အောင်မြင်ခဲ့ရင် Rocket Lab အနေနဲ့ လုပ်ဆောင်ချက် ၁၆ ခုပါတဲ့ ပန်းတိုင်နဲ့အတူ ၂၀၁၉ မှာ သူ့ရဲ့ဆောင်ရွက်မှုတွေကို တိုးမြှင့်သွားဖို့ မျှော်လင့်ထားပါတယ်။

နှစ်ပေါင်းများစွာ ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက် ဇန်နဝါရီလထဲမှာ ဂြိုဟ်တုတွေကို နေရာချပေးတဲ့ ဒုံးပျံကို Rocket Lab က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာဟာ အာကာသဆိုင်ရာ ငွေရေးကြေးရေးနဲ့ စီစဉ်ဆောင်ရွက်မှု အတားအဆီးတွေကို လျှော့ချနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြိုင်ပွဲကဏ္ဍမှာ အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က လွှတ်တင်ခဲ့မှုဟာ နယူးဇီလန် ကုမ္ပဏီအတွက် နိုဝင်ဘာ ၁၁ ရက်နေ့က ဂြိုဟ်တု ၇ ခုကို အခကြေးငွေယူ လွှတ်တင်ပေးခဲ့ပြီးနောက် နှစ်လအတွင်း ဒုတိယအကြိမ် အခကြေးငွေယူ လွှတ်တင်ပေးမှု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013