DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းကုန်စည်ပြပွဲ ဂျာမနီတွင် ကျင်းပ
DVB
·
August 27, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းကုန်စည်ပြပွဲလို့ လူသိများတဲ့ Gamescom 2026 ကို ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ဩဂုတ် ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြပွဲဝင်ကုမ္ပဏီနဲ့ အဖွဲ့အစည်း ၁,၇၀၀ ကျော် ပါဝင်ပြသနေပါတယ်။

ဒီနှစ် Gamescom မှာ ဂိမ်း ၈၄၀ ကျော် စာရင်းဝင်ထားပြီး EA Sports FC 27၊ Halo: Campaign Evolved၊ Genshin Impact၊ Street Fighter 6၊ Mega Man: Dual Override တို့လို ဂိမ်းတွေ ပါဝင်ပါတယ်။

ဖွင့်ပွဲမတိုင်ခင် ကျင်းပတဲ့ Opening Night Live မှာတော့ Final Fantasy VII Revelation၊ Gears of War: E-Day နဲ့ The Witcher 3: Wild Hunt – Songs of the Past  expansion pack တွေရဲ့ ရုပ်သံနဲ့ Gameplay အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။

ဒါ့အပြင် Silent Hill: Townfall၊ Metro 2039၊ Control Resonant နဲ့ The Blood of Dawn Walker တို့လို ပရိသတ်မျှော်နေတဲ့ဂိမ်းတွေ အကြောင်းလည်း သိရမှာဖြစ်ပါတယ်။

ပြပွဲမှာ အသစ်ထွက်ရှိမဲ့ ဂိမ်းတွေကို မိတ်ဆက်တဲ့ စင်မြင့်အစီအစဉ်တွေအပြင် ဂိမ်းဇာတ်ကောင် တွေလို ဝတ်ဆင်ယှဉ်ပြိုင်တဲ့ Cosplay ပြိုင်ပွဲလို ပရိသတ်ပါဝင်နိုင်တဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။

ပြပွဲစီစဉ်သူ ဖီးလစ်ဖော့ခ်ကတော့ ဒီနှစ် ဂိမ်းလောကမှာ အသိဉာဏ်တုနည်းပညာ (AI) ကို သင့်တော်အောင် အသုံးချရေးနဲ့ Indie Games တွေ ပိုပြီး အာရုံစိုက်ခံလာရတယ်လို့ ပြောပါတယ်။ ပြပွဲကို ဩဂုတ် ၃၀ ရက်အထိ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013