
UNDP အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr.Haoliangxu နဲ့အဖွဲ့ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်တောင်ပိုင်း ဘင်္ဂါလီကျေးရွာဖြစ်တဲ့ ပန်တောပြင်ကျေးရွာကို ကွင်းဆင်းလေ့လာခဲ့တယ်လို့ ပန်တောပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အဏ္ဏဝါက ပြောပါတယ်။
“ပန်းတောပြင်အနောက်ရွာ ချောင်းရေနစ်မြုပ်တဲ့ လယ်မြေတွေကို သွားရောက်ကြည့်ရှု ကြပါတယ်။ တာတမံဆယ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး ပန်းတောပြင် အလယ်ရွာကို ရောက်ရှိသွားရောက်ခဲ့ပြီး ရွာသူရွာသားတွေနဲ့ တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တွေကို မေးမြန်းခဲ့ပါတယ်” လို့ ပြောပါတယ်။
မြန်မာအစိုးရနဲ့ ကုသမဂ္ဂမဟာမင်းကြီးရုံး UNHCR ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့အကြား လက်မှတ်ရေးထိုးထားတဲ့ MOU နားလည်မှု စာချွန်လွှာအရ မောင်တောခရိုင် အတွင်းကျေးရွာတွေရဲ့ လက်ရှိလိုအပ်ချက်တွေ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစတဲ့ အချက်အလက်တွေကို အသေးစိတ် စာရင်းကောက်ယူမှုတွေ ပြုနေပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရုံးကို UNHCR ရုံးဝန်းထဲမှာ ယာယိမ်ဖွင့်လှစ်ထားပြီး UNDP အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၁၉၉၆/၉၇ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ပြဿနာတွေ ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၁၃ မှာ လုပ်ငန်းများအားလုံး (ခေတ္တ)ရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။











