DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ရက်သားအရွယ်ကလေးငယ် ညအချိန် စွန့်ပစ်မှုဖြစ်ပွား
DVB
·
December 13, 2018
မုံရွာမြို့တွင် ရက်သားအရွယ်ကလေးငယ် ညအချိန် စွန့်ပစ်မှုဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနဲ့ ရထားလမ်းကြား အမှိုက်ပုံမှာ မနေ့ညက မွေးကင်းစ ရက်သားအရွယ်ကလေးငယ် စွန့်ပစ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

စွန့်ပစ်ခံရတဲ့ ကလေးက မိန်းကလေးဖြစ်ပြီး ကလေးနဲ့အတူ ဆေးဘူး၊ နို့မှုန့်ဘူးတွေအပြင် ပိတ်ဖြူအနှီးစမှာလည်း ကလေးမွေးရက်၊ အချိန်နှင့် အလေးချိန်တွေကိုပါ ဆော့ပင်နဲ့ ရေးထားတယ်လို့ သိရပါတယ်။

"ပေါင်ချိန်က ၆ ပေါင် ၃ အောင်စ၊ မွေးရက်က ၈ ရက်၊ ၁၂ လ၊ ၂၀၁၈ ဆိုတော့ ၄ ရက်လောက်ပဲ ရှိသေးတယ်။ လတ်တလောမှာတော့ ကုတင် ၂၀၀ ဆေးရုံကြီးကို လူမှုကူညီရေးအသင်းကားနဲ့ ပို့ထားတယ်။ ကလေးမွေးစားမယ့်သူတွေကတော့ နောက်ကလိုက်သွားကြတယ်" လို့ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောပါတယ်။

ကလေးရဲ့ မိဘတွေက ရေစကြိုမြို့နယ်၊ မြေမလှရွာကလို့တော့ စုံစမ်းသိရှိရပြီဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မုံရွာမြို့ မေတ္တာဦး ဆေးရုံမှာ လာရောက်မွေးဖွားသွားတာလို့ဆိုပါတယ်။ ဘာကြောင့် စွန့်ပစ်ရတယ်ဆိုတာတော့ မသိရသေးပါဘူး။

အခုလိုပဲ မုံရွာမြို့မှာ မွေးကင်းစနဲ့ လသားအရွယ်ကလေးငယ်စွန့်ပစ်မှုက အတွေ့ရများလာပြီး ဒီဇင်ဘာလအတွင်းမှာ ၂ ကြိမ်ရှိပြီလည်းဖြစ်ပါတယ်။ ကလေးစွန့်ပစ်မှုတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ စုံစမ်းစစ်ဆေး အရေးယူမှုတွေတော့ မတွေ့ရှိရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013