DVB Logo
Home
မြန်မာသတင်း
အမာမြို့က မူလတန်းကျောင်း စာသင်​ကြား​နေစဉ်​ ​​ပြိုကျ
DVB
·
December 12, 2018
အမာမြို့က မူလတန်းကျောင်း စာသင်​ကြား​နေစဉ်​ ​​ပြိုကျ
Donate to DVB

ဧရာဝတီတိုင်း​၊ ဖျာပုံမြို့နယ်၊ အမာမြို့က ယာယီမူလတန်းကျောင်းတကျောင်း စာသင်နေတုန်း ပြိုကျခဲ့ပါတယ်။

လေးပင်ချောင်းရွာက ဝါးတိုင်၊ ဓနိမိုး၊ ဓနိကာ မြေစိုက်ကျောင်းဟာ အောက်ခြေတိုင်တွေ ဆွေးပြီး မနေ့မွန်းလွဲပိုင်းက ပြိုကျခဲ့ပါတယ်။

ပြိုကျချိန်မှာ တတိယတန်း​နဲ့ စတုတ္ထတန်း ကျောင်းသားတွေ စာသင်နေကြပေမယ့် ​ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

ဒီကျောင်းဟာ ၂၀၁၆ ခုနှစ်က ကျောင်းဆောင်လိုအပ်လို့ ရွာသားတွေ စုပေါင်းပြီး တည်ဆောက်ထားတာပါ။

လက်ရှိမှာ အဲဒီက ကျောင်းသားတွေကို ကျောင်းစာကြည့်တိုက်မှာ ပြောင်းသင်ပေးမှာဖြစ်ပြီး ယာယီကျောင်းဆောင်တခုကို ပညာ​ရေးဌာနက ပြန်​ဆောက်​​ပေးမယ်လို့ ဖျာပုံမြို့နယ် ပညာ​ရေးမှူး ဦးတိုးဝင်းက ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - ကျော်​စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013