DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ဟင်းချက်ဒယ်အိုး အပူလွန်ကဲရာမှ နေအိမ် ၇ လုံး မီးလောင်ကျွမ်း
DVB
·
December 9, 2018
မုံရွာတွင် ဟင်းချက်ဒယ်အိုး အပူလွန်ကဲရာမှ နေအိမ် ၇ လုံး မီးလောင်ကျွမ်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ မန်ကျည်းကုန်းလမ်းမှာ ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းက ဟင်းချက်ဒယ်အိုးအပူလွန်ကဲရာကနေ နေအိမ် ၇ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ၂ ထပ်အိမ် ၅ လုံး၊ မြေစိုက်အိမ် ၂ လုံး စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ကျပ် ၆၂၀၀၀၀ ဆုံးရှုံးခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မီးလောင်မှုကို မီးသတ်ကား ၁၆ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦးလောက်နဲ့ ရပ်ကွက်နေပြည်သူတွေ၊ ရဟန်းသံဃာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အချိန်နာရီဝက်ခန့်အကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။

"မီးလောင်တဲ့နေရာက လမ်းကျဉ်းတော့ နည်းနည်း ခက်ခဲတယ်။ ဒါ့အပြင် ပိုဆိုးတာက လမ်းကကျဉ်းရတဲ့အထဲ မီးလောင်တာကို လာကြည့်တဲ့ ဆိုင်ကယ်သမားတွေက လမ်းပေါ်မှာ ပိတ်နေတော့ အကူအညီမရတဲ့အပြင် မီးငြှိမ်းသတ်ရေးမှာ အနှောင့်အယှက်ဖြစ်ရတယ်။ မီးလောင်တိုင်း လာကြည့်ကြတဲ့သူတွေ မကူညီချင်နေ အနှောင့်အယှက်ပေးတဲ့ ပုံစံမဖြစ်ဖို့ သတိထားပေးကြပါလို့ မေတတာရပ်ခံလိုပါတယ်" လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်က ဦးသန့်ဇင်ကိုတော့ မုံရွာနယ်မြေရဲစခန်းက မီးပေါ့ဆစွာသုံးစွဲမှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်ဆုံးမှုမရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013