DVB Logo
Home
မြန်မာသတင်း
စားသုံးဆီ ၁၀ မျိုး စားသုံးရန်​သင့်မသင့် နမူနာကောက်ယူ၍ FDA ကို ပေးပို့စစ်ဆေးမည်
DVB
·
December 8, 2018
စားသုံးဆီ ၁၀ မျိုး စားသုံးရန်​သင့်မသင့် နမူနာကောက်ယူ၍ FDA ကို ပေးပို့စစ်ဆေးမည်
Donate to DVB

ဈေးကွက်​အတွင်း ရောင်းချနေတဲ့ စားသုံဆီ ၁၀ မျိုးကို နမူနာ​ကောက်​ယူပြီး ပြည်​သူ​တွေ စားသုံးဖို့ ​သင့်မသင့် FDA ကို ပေးပို့စစ်​​ဆေး​သွားမယ်လို့ ဖျာပုံခရိုင်​စားသုံးသူ အငြင်းပွားမှု ​ဖြေရှင်း​ရေးအဖွဲ့က ပြောပါတယ်။

နိုဝင်​ဘာ ၇ ရက်​​နေ့က ပြုလုပ်​​တဲ့ ၂၅ ကြိမ်​​မြောက်​ ဖျာပုံခရိုင်​ စားသုံးသူအငြင်းပွားမှု​ဖြေရှင်း​ရေးအဖွဲ့ လုပ်​ငန်းညှိနှိုင်း​ရေး အစည်းအ​ဝေးမှာ ဖျာပုံခရိုင်​စားသုံးသူ အငြင်းပွားမှု ​ဖြေရှင်း​ရေးအဖွဲ့ အတွင်း​ရေးမှူး ဦးမြင့်အောင်​က ပြောကြားလိုက်တာပါ။

ပြည်​သူ​တွေစားသုံး​နေတဲ့ ​ဈေးကွက်​ထဲ​ ​ရောင်းချ​နေ​သော စားသုံးဆီ အမှတ်​တံဆိပ်​ ၁၀ မျိုးကို နမူကောက်ယူသွားမှာဖြစ်ပြီး အဲဒီထဲမှာ FDA က ​ထောက်​ခံချက်​ရရှိထားတဲ့ ဧကရာဇ်​၊ သင့်မိတ်​​ဆွေ၊ ​မွှေးပျံသင်း၊ ဆိမ့်ဆိမ့်ဆမ်း၊ လာဘ်ရွှင်​ အမှတ်​တံဆိပ်​ ၅ မျိုးနဲ့၊ FDA က ​ထောက်​ခံချက်​မရရှိ​သေးတဲ့ မဟာမိတ်​၊ သူ​ဌေးမင်း၊ ​ရွှေမိုး၊ One Star၊ KI အမှတ်​တံဆိပ်​တွေ ပါဝင်ပါတယ်။

အဆိုပါ အမှတ်​တံဆိပ်​ဆီ ၁၀ မျိုးကို ဧရာဝတီတိုင်း​ဒေသကြီး FDA ကို ဓာတ်​ခွဲစမ်းသပ်​စစ်​​ဆေးနိုင်​ဖို့ ​ပေးပို့သွားမယ်​လို့ ဦးမြင့်အောင်က ပြောပါတယ်။

"ဒီဆီ​တွေကို ပြည်​သူ​တွေ စားသုံးရန်​ သင့်မသင့် ကျနော်​တို့အဖွဲ့က ​​ရောင်းချ​နေတဲ့​ ဈေးကွက်​ အထဲက နမူနာ ​ကောက်​ယူသွားမှာပါ။ နမူနာ​ကောက်​ယူလို့ရတဲ့ ဆီ​တွေကို တိုင်း FDA ကို ​ပေးပို့သွားမှာဖြစ်​ပါတယ်​။ FDAက စစ်​​ဆေးပြီးတဲ့အခါတော့ ပြည်​သူ​တွေ စားသုံးရန်​ သင့်မသင့် ညွှန်​ကြားချက်​နဲ့အညီ ​ဆောင်​ရွက်​သွားမှာ ဖြစ်​ပါတယ်။”

ခရိုင်​၊ မြို့နယ်​​တွေမှာ ​ဈေးကွက်​အတွင်း ​ရောင်းချ​နေတဲ့ ဒီလိုဆီ​တွေကို စစ်​​ဆေးခြင်းအားဖြင့် ပြည်​သူ​တွေဟာ ကျန်းမာ​ရေးနဲ့ညီညွတ်​တဲ့ အစားအ​သောက်​​တွေကို​ဆောင်​ရန်​ ​ရှောင်​ရန်​ သိလာမယ်လို့ ဆိုပါတယ်။

အစည်းအ​ဝေးသို့ ခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦး​အေးလွင်​၊ ခရိုင်​နဲ့ မြို့နယ်​ ဌာနဆိုင်​ရာတွေ၊ စားသုံးသူ​ရေးရာ အဖွဲ့ဝင်​တွေ တက်​​ရောက်​ခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013