DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် အမည်မသိ လူအုပ်စုက သမီးရည်းစားစုံတွဲကို ဓားထောက်လုယက်
DVB
·
December 7, 2018
မုံရွာတွင် အမည်မသိ လူအုပ်စုက သမီးရည်းစားစုံတွဲကို ဓားထောက်လုယက်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မှာ ဒီဇင်ဘာ ၆ ရက် ညက ချိန်းတွေ့နေတဲ့ သမီးရည်းစားကို အမည်မသိ လူတစ်စုက အုပ်စုဖွဲ့ပြီး ပစ္စည်းလုယက်ခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မုံရွာမြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိ ဒုရဲမှုး ထွန်းနိုင်ဦးက “ကမ်းနားလမ်းနဲ့  ငုရွေဝါလမ်းထိပ်မှာ ကောင်းမလေး နှစ်ယောက်နဲ့ ကောင်လေး တယောက်တို့ ထိုင်စကားပြောနေတာပေါ့။ အဲဒီအချိန်မှာ အမည်မသိ မျက်နှာဖုံးတပ် လူအုပ်စုက သူတို့မှာပါတဲ့ ဖုန်း သုံးလုံး၊ ငွေ ၄၅၀၀ ဓားထောက်လုယက်ခံရတဲ့ ဖြစ်စဉ်လေးဖြစ်ပွားခဲ့တယ်။ တရားခံ ဖမ်းဆီးရမိရေး လုပ်ဆောင်နေပါတယ်။ အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး” လို့ ပြောပါတယ်။

လုယက်မှုနဲ့ ပတ်သက်ပြီး တရားခံတွေကို ဖမ်းဆီးရမိခြင်းတော့ မရှိသေးဘဲ သံသယရှိသူတွေကိုတော့ ရဲက ခေါ်ယူစစ်ဆေးနေပါတယ်။

မျက်နှာဖုံးအုပ်ထားတဲ့ ဓားထောက်လုယက်သူတွေက ပစ္စည်းတွေကို ခြောက်လှန့် လုယက် တာတင်မက ထိုင်စကားပြောနေတဲ့ ကောင်မလေး နှစ်ယောက်နဲ့ ကောင်လေး တယောက်ကိုလည်း လူပြတ်တဲ့ ကမ်းနားတနေရာကို ခေါ်သွားခဲ့ပြီး အမှောင်ထဲမှာ ဒူးထောက်ခိုင်းကာ ဓားနဲ့ထိုး၊ ခြေထောက်နဲ့ကန်ခဲ့တဲ့အတွက် ကောင်လေးမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

လုယက်မှုနဲ့ပတ်သက်ပြီး မျက်နှာဖုံးအုပ် လူအုပ်စုကို မုံရွာမြို့မရဲစခန်းက (ပ)၁၈၀၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၆/၃၄ ကြောက်အောင်ခြောက်လှန့်တောင်းယူမှုနဲ့ အမှုဖွင့်ထားပါတယ်။

မုံရွာမြို့မှာ မြို့ပြလုံခြုံရေးလှည့်ကင်းတွေ လုပ်လာတာလည်း ၃ လကျော်ပြီဖြစ်ပြီး အမှုအခင်းဖြစ်ပွားမှု အရင်ကထက်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့မှာ နိုဝင်ဘာ ၂၈ ရက်ကတည်းက ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့ ဒေသန္တရအမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013