DVB Logo
Home
မြန်မာသတင်း
၂ နှစ်အတွင်း မုံရွာကို စံပြမြို့ဖြစ်အောင် လုပ်မည်ဟု စည်ပင်ပြော
DVB
·
December 1, 2018
၂ နှစ်အတွင်း မုံရွာကို စံပြမြို့ဖြစ်အောင် လုပ်မည်ဟု စည်ပင်ပြော
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စံပြမြို့အဖြစ် မုံရွာမြို့ကို လာမယ့် ၂ နှစ်အတွင်းမှာ အကောင်အထည် ဖော်နိုင်အောင် စီမံချက်တွေ ရေးဆွဲနေတယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် မြို့နယ် ၃၇ မြို့နယ်ရှိရာမှာ ခေတ်နဲ့လျော်ညီတဲ့ မြို့တွေဖြစ်ဖို့ ပထမဦးစားပေးအနေနဲ့ မုံရွာမြို့၊ ဒုတိယဦးစားပေးအနေနဲ့ စစ်ကိုင်း၊ ရွှေဘို၊ ကလေးမြို့တွေကိုလည်း စံပြမြို့တွေဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အသေးစိတ်စီမံချက်တွေတော့ ဆွဲနေပြီ။ လမ်းမီးတွေ တပ်ဆင်တာ၊ ရေစီးရေလာကောင်းမွန်ရေးမှာလည်း မြေသားမြောင်းလောက်ပဲ လုပ်ပေးနိုင်သေးတယ်။ နောက်ပိုင်းမှာ ကွန်ကရစ်ရေမြောင်းတွေဖြစ်အောင် ဆောင်ရွက်မှာပါ။ ဘက်ဂျက်အခြေအနေပေါ်ရော၊ လူထုပူးပေါင်းပါဝင်မှုအပေါ်မှာ မူတည်ပြီး ဆောင်ရွက်မှာပါ။ မန္တလေးကိုလည်း သွားရောက်လေ့လာဆောင်ရွက်နေပါတယ်။ ဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ စွမ်းဆောင်ရည်တွေ၊ အတွေးအခေါ်တွေမြင့်လာအောင်၊ အားလုံးပူးပေါင်းဆောင်ရွက်နိုင်အောင် သင်တန်းတွေ ပေးနေပါတယ်”လို့ စစ်ကိုင်းတိုင်းစည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောပါတယ်။

မန္တလေးလို မုံရွာမြို့ကိုလည်း စမတ်စီးတီးဖြစ်ဖို့အတွက် သွားရောက်လေ့လာနေသလို စည်းကမ်းတကျ အမှိုက်ပစ်မှု၊ ဈေးတွေလုံခြုံရေး စတဲ့ စည်ပင်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ စောင့်ကြည့်နိုင်အောင် မြို့ရဲ့လိုအပ်တဲ့ နေရာမှာ အစိုးရအဖွဲ့ရဲ့ ထောက်ပံ့မှုနဲ့ စီစီတီဗွီအလုံး ၁၅၀ တပ်ပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စည်ပင်လုပ်ငန်းတွေက လူအားနဲ့ လုပ်ရတာများပြီး စဉ်ဆက်မပြတ်လုပ်နေရတာဖြစ်လို့ ဝန်ထမ်းအင်အားကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။ လတ်လောမှာတော့ ဖွဲ့စည်းပုံရဲ့ ထက်ဝက်တောင် မရှိသေးတဲ့အတွက် ထပ်ခန့်နိုင်အောင် လုပ်ဆောင်နေပါတယ်။

“မုံရွာက တိုင်းအစိုးရရုံးစိုက်ရာဖြစ်လို့ အစိုးရအနေနဲ့ အလွယ်တကူ ကြည့်ရှုနိုင်မယ်ပေါ့။ ဒါပေမယ့် စံပြမြို့ကို ဘယ်လိုသတ်မှတ်မှာလဲ၊ ဘယ်လိုအင်္ဂါရပ်နဲ့ညီရင် စံပြမြို့သတ်မှတ်မှာလည်း စသဖြင့် သတ်မှတ်ချက်တွေတော့ ရှိဖို့လိုမယ်ပေါ့။ လောလောဆယ်မှာတော့ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်အောင် မြို့နယ်စည်ပင်တွေအနေနဲ့ အလွန်အားနည်းတယ်ပေါ့။ အမှိုက်သိမ်းစနစ်မှာ ကားတွေမှာ ဂျီပီအပ်စနစ်တပ်ပြီး လုပ်လာလို့ မဆိုးဘူးပေါ့။ ရေမြောင်းစနစ်၊ လမ်းစနစ်၊ လမ်းဘေးကျူးစနစ်တွေမှာတော့ ထိရောက်အောင် လုပ်ဆောင်နိုင်တာ မတွေ့ရသေးဘူး” လို့ မြို့ခံလူငယ် ကိုဇော်သူရိန်ထွန်းကလည်း ပြောပါတယ်။

စံပြမြို့စီမံချက်အပေါ်မှာတော့ မြို့ခံတွေက ကြိုဆိုတာတွေရှိပေမယ့် ပြည်သူကို ချမပြဘဲ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့အပေါ်မှာတော့ အားရမှုမရှိ ဖြစ်နေကြပါတယ်။

မုံရွာမြို့သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုပြီး လွန်ခဲ့တဲ့ ၁ နှစ်ခွဲက အစိုးရကနေဦးဆောင်ကာ ပြည်သူ့သဘောထားမခံယူဘဲ အချက် ၉ ချက်ကို လုပ်ဆောင်ခဲ့ပြီး ဒီနေ့အထိ ညဈေးတန်းကလွဲရင် ဘာတခုမှ အကောင်အထည်မဖော်နိုင်သေးတဲ့အပေါ်မှာ အားမရတာတွေလည်း ရှိနေပါတယ်။

လောလောဆယ်မှာတော့ ညဈေးတန်းပြောင်းရွှေ့တာ၊ သင်္ချိုင်းပြောင်းရွှေ့တာတို့တော့ ပြီးစီးထားပြီး ကားကြီးကွင်းကတော့ တည်ဆောက်နေဆဲဖြစ်ကာ ကန်သာယာအပန်းဖြေနေရာ၊ ပြည်သူ့ဥယျာဉ်ဖော်ဆောင်ဖို့တွေအတွက်တော့ တင်ဒါတွေ ခေါ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013