လူ ၁၂၅ ယောက် လိုက်ပါတဲ့ ကိုလံဘီယာလေတပ်က လေယာဉ်တစင်း မတ် ၂၃ ရက်က နိုင်ငံတောင်ပိုင်း အမေဇုန်ဒေသကနေ ပျံတက်ပြီးတဲ့နောက် ပျက်ကျခဲ့လို့ လူ ၈ ယောက် သေဆုံးပြီး ၇၇ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လေတပ်မှူး ကားလို့စ် ဖာနန်ဒိုဆေးလ်ဗား ရွယ်ဒါက လေယာဉ်ပေါ်မှာ စစ်သား ၁၁၄ ယောက်နဲ့ လေယာဉ်အမှုထမ်း ၁၁ ယောက် လိုက်ပါသွားတယ်လို့ ပြောပါတယ်။
ဒဏ်ရာရထားတဲ့ လူ ၄၈ ယောက်ကို လေယာဉ်အပျက်အစီးတွေထဲကနေ ဆွဲထုတ်နိုင်ခဲ့ပြီး ဆေးရုံမှာ ကုသပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
တနင်္လာနေ့ကဖြစ်ရပ်မှာ လူ ၈ ယောက် သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဂျွန်ဂါဘရီယယ်မိုလီနာက နောက်ပိုင်းမှာ ပြောပါတယ်။
အမေရိကန်လုပ် C-130 ဟာကျူလီလေယာဉ်ကို စစ်သားတွေ သယ်ယူပို့ဆောင်ရာမှာ သုံးခဲ့ပြီး ပူတူမာယိုပြည်နယ် ပွာတိုလီဂွီဇာမို မြို့နားမှာ ပျက်ကျခဲ့တာဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပဲလို့ ကိုလံဘီယာလေတပ်ဦးစီးချုပ် ဖာနန်းဒိုဆယ်လ်ဗာက လူမှုမီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုမှာ ပြောပါတယ်။
Source: Reuters











