DVB Logo
Home
Lead Story
မြန်မာ့လူ့အခွင့်အရေးအခြေအနေ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားဟု ကုလအစီရင်ခံစာ ဖော်ပြ
DVB
·
August 26, 2026
Photo: REUTERS/Mohammad Ponir Hossain/ File Photo
Photo: REUTERS/Mohammad Ponir Hossain/ File Photo
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ “အဆိုးရွားဆုံး အဆင့်အသစ်တခုအထိ ကျဆင်းသွားပြီ” ဖြစ်တယ်လို့ ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့ မြန်မာစစ်တပ်က နိုင်ငံအပေါ် ထိန်းချုပ်နိုင်ဖို့နဲ့ တရားဝင်မှုရအောင် ကြိုးပမ်းနေရတဲ့အလျောက် အရပ်သားပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကိုသာ ပိုမိုနက်ရှိုင်းလာစေတယ်ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာ လူနည်းစုအပေါ်  ဖိနှိပ်တာမျိုးနဲ့ စည်းမဲ့ကမ်းမဲ့ မြေရှားသတ္တုတူးဖော်တာမျိုး အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းတွေရဲ့ သက်ရောက်မှုဟာ ပိုမိုဆိုးရွားလာတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်တပ်ဟာ “လေကြောင်းတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ နေရပ်စွန့်ခွာ ထွက်ပြေးစေတာမျိုးနဲ့ အကူအညီပေးတဲ့အပေါ်  ပိတ်ပင်တားဆီးတာ” စတဲ့ နည်းဗျူဟာတွေကို အရပ်သားတွေအပေါ် အသုံးချနေပါတယ်။

အခုလိုမျိုး စစ်အာဏာသိမ်းပြီးနောက် အရပ်သားဦးရေ ၁၀,၀၀၀ နဲ့အထက် သေဆုံးခဲ့ရပြီး ပြီးခဲ့တဲ့ တနှစ်တာအတွင်း သေဆုံးသူ ၃,၁၀၂ ယောက် ရှိခဲ့သလို တကယ့်မြေပြင်မှာလည်း ဒီထက်ပိုပြီး များနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဒီအကြမ်းဖက်မှုတွေကြောင့်ပဲ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာ ၃ ဒသမ ၆ သန်းအထိ မြင့်တက်လာတဲ့အပြင် လူဦးရေ ၁၂ ဒသမ ၄ သန်းကပါ စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရတယ်လို့ ရေးသားထားပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့အတွက် တရားမဝင် စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပြီး ရှမ်းနဲ့ ကချင်ပြည်နယ်မှာဆိုရင် မြေရှားသတ္တု ခိုးထုတ်တာမျိုးတွေ ရှိနေပါတယ်။

အဲဒီ မြေရှားသတ္တု အဓိကထွက်ရှိရာ ကချင်ပြည်နယ်မှာ တူးဖော်ရေးနေရာအသစ် ၃၀၂ ခုနဲ့ ၁၄၉ ရာခိုင်နှုန်းအထိ တိုးပွားလာခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံတွေအရ အတည်ပြုထားပါတယ်။

ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် ကတော့ အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေဟာ အင်မတန် စိုးရိမ်စရာကောင်းပြီး မြန်မာစစ်အာဏာရှင်အစိုးရနဲ့ ပတ်သက်ဆက်နွှယ်နေမှုတွေကို ပြန်လည်သုံးသပ်ကြဖို့ တိုက်တွန်းသွားပါတယ်။

အဲဒီနောက် တာ့ခ်က “နိုင်ငံတွေ၊ ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူ အားလုံးအနေနဲ့ ကိုယ်လုပ်နေတဲ့ အရာတွေ ဒါမှမဟုတ် အရေးယူဖို့ ပျက်ကွက်နေတဲ့အပေါ် အလေးအနက်ထားပြီး ပြန်လည်စဉ်းစားစေချင်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေအတွက် တရားမျှတပြီး သင့်တော်တဲ့ လုပ်ရပ်တခု ဟုတ်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့လိုပါတယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013