DVB Logo
Home
မြန်မာသတင်း
ရေကြည်တွင် စက်သုံးဆီရောင်းသူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
August 28, 2026
Photo: Kyaw Tun
Photo: Kyaw Tun
Donate to DVB

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ တော်လှန်ရေးတပ်တွေအတွက် စက်သုံးဆီရောင်းချတယ်လို့  စွပ်စွဲပြီး အရပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ် ၂၅ ရက် ညနေက ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာက တနိုင်တပိုင် စက်သုံးဆီ ရောင်းချနေတဲ့ ဒေသခံ အရပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက တော်လှန်ရေးတပ်တွေဆီ စက်သုံးဆီတွေ ရောင်းချမှုနဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒေသခံအရပ်သားတယောက်က “စက်သုံးဆီရောင်းတဲ့သူတွေကို PDF တွေကို ဆီရောင်းပေးတယ် ဆိုပြီး ဖမ်းသွားတာ။ အိမ်တွေမှာ လာဖမ်းသွားတာ။ တပ်နဲ့ ရဲတွေကဖမ်းတာ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တဲ့ အရပ်သား ၂ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် ကိုဇော်ဝင်းနဲ့ အသက် ၄၀ ခန့်အရွယ် ကိုမင်းမင်းထွန်းတို့ ဖြစ်ပြီး ဘယ်ကိုဖမ်းသွားလဲ ဆိုတာတော့ မသိရသေးပါဘူး။

ရေကြည်မြို့နယ် စစ်အာဏာရှင် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ငွေညှစ်ချင်တာကြောင့် ဖမ်းတာလို့ပဲ ထင်တယ်။ တပ်နဲ့ ရဲက ဖမ်းတယ်ဆိုတာ ဟုတ်တယ်။ ဘယ်မှာဖမ်းထားလဲ မပြောတတ်သေးဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ယောက်ဟာ တော်လှန်ရေးတပ်တွေဆီကို ဆီရောင်းချပေးတာမျိုးမရှိဘဲ ရေဘေးဒုက္ခသည်တွေကို အဓိကထားပြီး စက်သုံးဆီ ရောင်းချပေးနေသူ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြည်မြို့နယ်က စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ ဆီမှောင်ခိုရောင်းချတာတွေ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာတွေ၊ ဆီတကယ်လိုအပ်တဲ့ ပရဟိတသမားတွေ၊ ရေဘေးဒုက္ခသည်တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ဆီမရတာရှိပေမဲ့ စစ်အာဏာရှင် လက်အောက်ခံအဖွဲ့တွေက မြေပြင်မှာ စစ်ဆေးအရေးယူတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013