DVB Logo
Home
Data Story
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ
DVB
·
January 27, 2026
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ
Donate to DVB

အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ စစ်စခန်းတွေ အခြေစိုက်ထားတာနဲ့ စစ်သင်္ဘောတွေ ဖြန့်ကျက်ထားတာ ဆယ်စုနှစ်နဲ့ချီ ရှိနေပါပြီ။ အမေရိကန်လွှတ်တော်သုတေသနရဲ့ အချက်အလက်တွေအရ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်စစ်စခန်းပေါင်း ၁၉ ခုထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

 

လေတပ်နဲ့ ရေတပ်စခန်းတွေပါဝင်တဲ့ ဒီစစ်စခန်းတွေကို ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဆော်ဒီအာရေဗျ၊ အိုမန်၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ အခြေစိုက်ထားပါတယ်။ ဒါ့အပြင် တူရကီနဲ့ ဂျီဘူတီနိုင်ငံတွေက အမေရိကန်စစ်စခန်းတွေကလည်း အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးတွေအတွက် အားဖြည့်ပေးတာတွေ ရှိပါတယ်။

 

၂၀၂၅ ခုနှစ် ဇွန်လအထိအချက်အလက်တွေအရ အမေရိကန်စစ်သည် လေးသောင်းကျော်ကို အရှေ့အလယ်ပိုင်းဒေသမှာ ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။ အမေရိကန်ဟာ တပ်ဖွဲ့ဝင်တွေကို အရှေ့အလယ်ပိုင်းမှာ အကြောင်းအရင်းအမျိုးမျိုးနဲ့ တပ်ဖြန့်ထားတာဖြစ်ပြီး ဆီးရီးယားနိုင်ငံကလွဲရင် ကျန်နိုင်ငံတွေမှာတော့ သက်ဆိုင်ရာ အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ တပ်စွဲထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013