
အမေရိကန်က အီရန်ကို တိုက်ခိုက်မှု ပြန်စနိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတင်းထောက်တွေကို မေ ၂ ရက်မှာ ပြောလိုက်ပါတယ်။
ထရမ့်ပ်က Air Force One လေယာဉ်ပေါ် မတက်မီ ဖလော်ရီဒါပြည်နယ်၊ West Palm ကမ်းခြေမှာ သတင်းထောက်တယောက်ရဲ့ မေးခွန်းကို ဖြေရင်း ခုလို ပြောလိုက်တာပါ။
ဂျာမနီနိုင်ငံက အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ပြန်ရုပ်သိမ်းဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ထရမ့်ပ်က စစ်သည်ဦးရေ ၅,၀၀၀ ထက်ပိုပြီး အများကြီး လျှော့ချနေပါတယ်လို့ ပြောပါတယ်။
အီရန်စစ်ပွဲနဲ့ အခွန်အကောက်ဆိုင်ရာ တင်းမာမှုတွေကြောင့် အမေရိကန်နဲ့ ဥရောပအကြား ဆက်ဆံရေး ပိုတင်းမာလာချိန်မှာ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က သူ့ရဲ့ ဥရောပမှာ အကြီးဆုံး အခြေစိုက်စခန်းဖြစ်တဲ့ ဂျာမနီနိုင်ငံကနေ စစ်တပ်ကို ပြန်ရုပ်သိမ်းမယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။
Source: Reuters










