DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင် တဝက်ခန့် မဲပေးရန် ပျက်ကွက်
DVB
·
November 4, 2018
တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင် တဝက်ခန့် မဲပေးရန် ပျက်ကွက်
Donate to DVB

တမူးမြို့နယ် တိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တဝက်နီးပါး မဲပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။

တမူးခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲရရှိမှု အခြေအနေအရ မဲပေးပြည်သူဟာ ၅၇ ဒသမ ၃၃ ရာခိုင်နှုန်းပဲရှိနေပြီး မဲပေးခွင့်ရသူ ၃၅၄၃၄ ယောက်အနက် ၂၀၃၁၃ ယောက်ပဲ မဲပေးခဲ့တာပါ။

မဲရုံတွေမှာ နာမည်မပါလို့ မဲပေးတဲ့နေ့မှာ မှတ်ပုံတင်ကိုင်ဆောင် မဲပေးခွင့် တောင်းသူတချို့ ရှိပေမယ့် မဲရုံတာဝန်ရှိသူတွေက ခွင့်မပြုခဲ့တာကြောင့် မဲပေးခွင့် ဆုံးရှုံးခဲ့တာကိုလည်း တွေ့ရပါတယ်။

မဲပေးခဲ့သူ ၂၀၃၁၃ ယောက်ထဲမှာ ကြိုတင်မဲပေးသူ ၁၁၁၁ ယောက်ရှိခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကတော့ မဲပေးနိုင်သူ စာရင်းတွေကို ကြိုတင်တပတ်လောက် မဲရုံတွေမှာ ကပ်ထားပေးတဲ့အတွက် မဲဆန္ဒရှင် အမည်တွေ ကျန်ခဲ့တာကို လက်ရှိ မဲပေးတဲ့နေ့ရောက်မှ လာပြောတာကို လက်မခံတော့တာလို့ မဲပေးခွင့် မရလိုက်တဲ့ အမျိုးသမီး တဦးက ဆိုပါတယ်။

ရွေးကောက်ပွဲ လေ့လာသူတယောက်က "မဲပေးလာမှု အခြေအနေအရ ရာခိုင်နှုန်းကို ကြည့်ပြီး ပြောရမယ်ဆို ပြည်သူတွေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းနေတာကိုလည်း လက်ခံရမယ်" လို့ ဆိုပါတယ်။

တမူးမြို့နယ် တိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးရိုထန်းပွီးယာ အနိုင်ရခဲ့ပြီး ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွေက ကိုယ်စားလှယ်တွေ ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013