DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်တွင် ပါတီတံဆိပ်တပ် မဲရုံထဲဝင်လာသည့် ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ကန့်ကွက်
DVB
·
November 3, 2018
တမူးမြို့နယ်တွင် ပါတီတံဆိပ်တပ် မဲရုံထဲဝင်လာသည့် ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ကန့်ကွက်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ  ပါတီတံဆိပ်ရင်ထိုး တပ်ဆင်ပြီး မဲရုံထဲဝင်လာတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို  ကန့်ကွက်တိုင်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီလောက်က တမူးမြို့နယ်၊ ခါမ်းပါတ် မဲရုံအမှတ် (၃) မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရိုးထန်းပွီးယာက ပါတီတံဆိပ်ရင်ထိုး တပ်ဆင်ကာ မဲရုံထဲဝင်ရောက်လာခဲ့ရာမှာ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက မြင်တွေ့လို့ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ဦးရမ်ဆေးထံ တိုင်ကြားကန့်ကွက်ခဲ့ပါတယ်​။

ရပ်ကျေး ကော်မရှင်ဥက္ကဋ္ဌက ကိုယ်စားလှယ်လောင်း ရိုထန်းပွီးယာထံ သွားရောက်ကာ တာဝန်ရှိ ပုဂ္ဂိုလ်တွေရှေ့မှာ ဖြုတ်ခိုင်းခဲ့ပြီး ဒီကိစ္စကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြတိုင်ကြားထားတယ်​လို့ သိရပါတယ်​။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးခွဲကတော့ သတင်းရရှိခြင်း မရှိသေးဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်  တမူးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှာ ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲရုံ ၃၈ ရုံဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပေါင်း ၃၅၄၃၄ ဦးရှိကာ ပြင်ပကြိုတင်မဲ ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီမနက် ၁၁ နာရီလောက်အထိရထားတဲ့ စာရင်းအရ  ဆန္ဒမဲလာပေးသူ အရေအတွက် ၄၀ ရာခိုင်နှုန်းကျော်ရှိနေပြီး မွန်းလွဲပိုင်းမှာ မဲလာပေးသူ တ၀က်ကျော်လောက်ရှိမယ်လို့ ကော်မရှင်က ခန့်မှန်းထားပါတယ်။

သတင်း-ဓာတ်ပုံ- ​ဂေါင်​​ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013