DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲကို အီးယူအပါအ၀င် ပြည်တွင်းပြည်ပကစောင့်ကြည့်နေ
DVB
·
November 3, 2018
ကြားဖြတ်ရွေးကောက်ပွဲကို အီးယူအပါအ၀င် ပြည်တွင်းပြည်ပကစောင့်ကြည့်နေ
1 / 4
Donate to DVB

ဥရောပသမဂ္ဂ (အီးယူ)က တာဝန်ရှိသူတွေနဲ့ ပြည်တွင်းပြည်ပက လေ့လာစောင့်ကြည့်အဖွဲ့တွေဟာ ဒီနေ့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေကို စောင့်ကြည့် လေ့လာနေကြပါတယ်။

မြစ်ကြီးနား၊ အုတ်တွင်းနဲ့ တာမွေစတဲ့မြို့နယ်တွေရှိ မဲရုံတွေကို ကိုယ်စားလှယ်တွေ စေလွှတ် စောင့်ကြည့်နေတာဖြစ်ပြီး အီးယူရဲ့ဖေ့စ်ဘွတ်ခ်မှာတော့ “လူတွေဟာ ဒီနေ့ပြုလုပ်မယ့် ကြားဖြတ်ရွေး ကောက်ပွဲမှာ မဲပေးဖို့ သူတို့ရဲ့ မဲရုံတွေမှာ တန်းစီနေကြပါပြီ။ အီးယူက လုပ်ဖော်ကိုင်ဘက်များဟာ ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့ လာနေကြတယ်။ ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားပုံတွေကို လက်တွေ့မြင်တွေ့ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်” လို့ ရေးထားပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံးကလည်း နိုင်ငံတ၀န်းလုံးမှာ ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲကို စောင့်ကြည့်လေ့လာမယ်လို့ ထုတ်ပြန်ကြေညာထားပြီး သံအမတ်ကြီး မာစီရယ်ကိုယ်တိုင် သမ္မတမဲပေးမယ့် ရန်ကုန် တာမွေမြို့နယ်ရှိ မဲရုံ အမှတ် (၃)ကို ဒီမနက် လာရောက် ကြည့်ရှုလေ့လာသွားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ ၅ ခု၊ ပြည်ပစောင့်ကြည့်ရေးအဖွဲ့ ၇ ခုရှိပြီး နိုင်ငံတကာသံရုံး ၂၂ ရုံးကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာကြမှာ ဖြစ်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေပါတယ်။

ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ လစ်​လပ်​ ၁၃ ​နေရာအတွက်​ နိုင်​ငံ​ရေးပါတီ ၂၄ ပါတီမှ ၆၂ ဦးနဲ့ တစ်​သီးပုဂ္ဂလကိုယ်​စာလှယ်​​လောင်း ၇ ဦး၊ စုစု​ပေါင်း ၆၉ ဦး ယှဉ်​ပြိုင်​မှာဖြစ်​ပြီး အမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်က ​နေရာအပြည့်​ယှဉ်ပြိုင်​တာဖြစ်ပါတယ်​။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013