DVB Logo
Home
မြန်မာသတင်း
အစွန်းရောက်အကြမ်းဖက်အန္တရာယ် ကြိုတင်ကာကွယ်ရန် အာဆီယံသဘောတူ
DVB
·
November 2, 2018
အစွန်းရောက်အကြမ်းဖက်အန္တရာယ် ကြိုတင်ကာကွယ်ရန် အာဆီယံသဘောတူ
1 / 5
Donate to DVB

အစွန်းရောက်အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးစီမံချက်အပါအ၀င် အချက် ၄ ချက်ကို အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်း အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့  ၁၂ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှု ခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးကနေ အခုလို အတည်ပြုနိုင်ခဲ့တာလို့  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။

ဒီအစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၂ ရက်ထိ နေပြည်တော်မှာကျင်းပခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးမှာ အတည်ပြုခြင်း ၄ ရပ်၊ ဆုံးဖြတ်ချက် ၂ ရပ် ရရှိခဲ့တယ်လို့  ပြည်ထဲရေးဝန်ကြီးက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

အတည်ပြုချက် ၄ ချက်ထဲမှာ တတိယနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံသားတွေကို ၄င်းနိုင်ငံ တွေရှိ အာဆီယံအထူးအဖွဲ့တွေက ကောင်စစ်ရေးရာ အကူအညီပေးရေး လမ်းညွန်ချက်၊ အစွန်းရောက်အကြမ်း ဖက်ဝါဒနဲ့ အစွန်းရောက်တွေ ပေါက်ဖွားလာမှု ကြိုတင်ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး အာဆီယံလုပ်ငန်းစီမံ ချက်(၂၀၁၈-၂၀၂၅)၊ ၁၃ ကြိမ်မြောက်အစည်းဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ပါဝင်ပါတယ်။

ဆုံးဖြတ်ချက် နှစ်ရပ်ကတော့ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၁၉ ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ လက်နက်မှောင်ခို ရောင်းဝယ်မှုတွေနဲ့ သဘာဝတောရိုင်းတိရစ္ဆာန် ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ကုန်ကူးမှုတွေကို ထိရောက်စွာတားဆီး ကာကွယ်နိုင်တဲ့ စီမံချက်တွေ ထွက်ပေါ်လာနိုင်ရေး ဆွေးနွေးသွားဖို့နဲ့ အစွန်းရောက်အကြမ်းဖက်ဝါဒနဲ့ အစွန်း ရောက်တွေ ပေါက်ဖွားလာမှု ကြိုတင်ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး အာဆီယံလုပ်ငန်းစီမံချက်(၂၀၁၈-၂၀၂၅) ကို နှစ်အလိုက်၊ နိုင်ငံအလိုက် အကောင်အထည်ဖော်မယ့် စီမံချက်တွေကို ၁၉ ကြိမ်မြောက် အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးမှာ ရှင်းလင်းဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။

မြန်မာအနေနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာဖြစ်ပေါ်နေတဲ့ မှုခင်းပြဿနာရပ်တွေဟာ နှစ်နိုင်ငံအကြား ညှိနှိုင်းပူးပေါင်းဖြေရှင်းရမယ့် ပြည်တွင်းရေးရာကိစ္စရပ်တွေဖြစ်တဲ့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ပဲ ဖြေရှင်းဆောင်ရွက်သွားမယ်လို့လည်း ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။

ဒီအစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံက ၀န်ကြီးတွေ၊  ဆွေးနွေးဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ဂျပန်နဲ့ တောင်ကိုရီးယားတို့က၀န်ကြီးတွေအပြင် အာဆီယံအတွင်းရေးမှူးချုပ်လည်း တက် ရောက်ခဲ့ပါတယ်။

နေဖြိုးဝင်း

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013