DVB Logo
Home
မြန်မာသတင်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ကလေးငယ်များ ဆက်တိုက်သေဆုံးနေ
DVB
·
November 1, 2018
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ကလေးငယ်များ ဆက်တိုက်သေဆုံးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်ဒေသ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့အနီး ရန်နောနုတ်ညိုကျေးရွာမှာ အောက်တိုဘာ ၃၁ ရက်က ကလေးငယ်တွေ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရန်နောဆန်ရီအုပ်စု အုပ်ချုပ်ရေးမှူးဦးနာဝမ်က ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်က အသက် ၃ လခွဲ အရွယ် ကလေးငယ်တဦး၊ အောက်တိုဘာ ၃ဝ ရက်မှာ အသက် ၁၀ နှစ် အရွယ် ကလေးတဦးနဲ့ အောက်တိုဘာ ၃၁ ရက်မှာ ၂ လ အရွယ် ကလေးတဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရန်နောနုတ်ညိုကျေးရွာမှာ အသက် ၂ နှစ်အောက် ကလေးတွေ အသက်ရှူဖို့ ခက်ခဲတဲ့ ရောဂါဖြစ်ပွားနေပြီး ချောင်းဆိုးလို့မရဖြစ်နေတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ နောက်ထပ် ကလေးငယ် ၅ ဦးရဲ့ ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်နေရပြီး အခြား ကလေးငယ် ၃ဝ လောက်ဟာလည်း ဆေးကုသမှု ခံယူဖို့ လိုအပ်နေတယ်လို့ ဦးနောဝမ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကနေ  စက်တင်ဘာ ၂၅ ရက်အထိ သေဆုံးသူ ၇ ဦးရှိခဲ့ပြီး ရောဂါလက္ခဏာတွေကတော့ ကိုယ်ပူ၊ ချောင်းဆိုး၊ နှာခေါင်းသွေးယို၊ အသက်ရှူကြပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျောတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013