DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေ
DVB
·
October 30, 2018
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေ
Donate to DVB

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်ကာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး မုန်တိုင်းငယ်တခု ဖြစ်လာဖို့ အလားအလာ များနေတယ်လို့  မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက် မနက် ၉ နာရီအချိန် KALPANA_1 ဂြိုဟ်တုမှ တိုင်းတာပေးချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေထုမငြိမ်မသက် ဖြစ်ပေါ်ရာက လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကာ  ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ သိရပါတယ်။

မိုးဇလဌာနကတော့ ဘင်္ဂလားပင်လယ်အော်မှာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ မနေ့က ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမယ်၊ လှိုင်းအမြင့်မှာ ၃ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နေပြည်တော်နဲ့ အနီးတဝိုက် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကာ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပြီး  မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်း ၆၀ ဖြစ်တယ်လို့ ခန့်မှန်းပါတယ်။

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်မှာ တိုင်ဖွန်းမုန်တိုင်း YUTU ဖြစ်ပေါ်နေပြီး မုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ဘက်ကို မရောက်နိုင်ဘဲ အရှေ့မြောက်ဘက်ကိုသာ ကွေ့သွားနိုင်တယ်လို့ ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013