DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး
DVB
·
October 28, 2018
ဘားအံတွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး
Donate to DVB

ဘားအံမြို့မှာ ရဲတပ်ဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပစ်ခတ်သူကို အရပ်သားတွေက ဝိုင်းဝန်းဖမ်းဆီးမိခဲ့တယ်လို့ အစိုးရပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်။

မနေ့က အောက်တိုဘာ ၂၇ ရက် မွန်းတည့်အချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့ နောင်လုံတံတားမှာ ယာဉ်လမ်းရှင်းလင်းရေး လုပ်နေတဲ့ ရဲ ဒုတပ်ကြပ် မျိုးဇော်အောင်ကို ဆိုင်ကယ်နဲ့ လာတဲ့ အမျိုးသားတယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာပါ။

သေနတ်အတိုနဲ့ အနီးကပ်ပစ်တာဖြစ်ပြီး ဒုတပ်ကြပ် မျိုးဇ်ာအောင်ရဲ့ ဘယ်ဘက်ရင်ဘတ်က ကျည်ဝင်ပြီး နောက်ကျောကို ဖောက်ထွက်ခဲ့ပါတယ်။ ပြီးတော့ ကျည်ဆန်ဟာ လုံခြုံရေးတဲပေါ်မှာ ထမင်းစားနေတဲ့ ဆောက်လုပ်ရေးရုံးညစောင့်ရဲ့ ဘယ်လက်မောင်းကိုလည်း ဖောက်ထွက်ခဲ့ပါတယ်။

ပစ်ခတ်သူကို တံတားပေါ်မှာ ဖြတ်သွားတဲ့ ကျိုက်ပွန်ကျောင်းဆရာတော်၊ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဦးအောင်ဝင်း၊ ရဲအငြိမ်းစား ဦးလှဝင်းနဲ့ ဦးသန်းကျော်စိုးတို့က ဝိုင်းဝန်းဖမ်းဆီးမိခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုတပ်ကြပ်ကို ဘားအံဆေးရုံကိုတင်ခဲ့ပေမယ့် ခဏအကြာမှာပဲ သေဆုံးသွားပါတယ်။

ပစ်ခတ်သူဟာ ဘားအံမြို့နယ်၊ ကျော့ကေးကီးရွာနေ စောသန်းနိုင်ဖြစ်ပြီး သူ့ဆီက လူဂါအမျိုးအစား အနက်ရောက် ပစ္စတိုတလက်နဲ့ ကျည်ဆန် ခုနစ်တောင့်ကိုလည်း သိမ်းဆည်းမိခဲ့ပါတယ်။

သူ့ကို အိန္ဒုနယ်မြေရဲတပ်ဖွဲ့ဝင်တွေဆီ အပ်ခဲ့ပြီး စခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013