DVB Logo
Home
မြန်မာသတင်း
Mytel တာဝါတိုင်စိုက်ထူမှု မိတ္ထီလာဒေသခံပြည်သူများ ကန့်ကွက်
DVB
·
October 26, 2018
Mytel တာဝါတိုင်စိုက်ထူမှု မိတ္ထီလာဒေသခံပြည်သူများ ကန့်ကွက်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက် နယ်မြေ(၈)မှာ Mytel ကုမ္ပဏီက ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူဖို့ မြေတိုင်း၊ မြေတူးတာတွေကို ဒေသခံတွေက ကန့်ကွက်လို့ ရပ်ထားရတယ်လို့  ရပ်ကွက်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၁၁ နာရီလောက်က အဆိုပါ နေအိမ်တအိမ်ရဲ့ ဝင်းထဲမှာ ဌာနဆိုင်ရာတွေက ခွင့်ပြုထားတဲ့စာနဲ့ Mytel တာဝါတိုင်စိုက်ထူဖို့ မြေတိုင်းခြင်း၊ မြေတူးခြင်းတွေကို ဘေးပတ်ဝန်းကျင်အိမ်တွေ  လက်မခံဘဲ ကန့်ကွက်တာဖြစ်ပါတယ်။

အောင်ဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ငွေက “ဌာနဆိုင်ရာ ခွင့်ပြုမိန့်နဲ့ Mytel တာဝါတိုင် လာစိုက်ပါတယ်။ ရပ်ကွက်ထဲက အဲအိမ်နီးနားချင်းတွေက ကန့်ကွက်တားမြစ်ကြတယ်။ ကျနော်ကတော့ ဥပဒေအတိုင်း လုပ်ကြပါ။ ကန့်ကွက်တယ်ဆိုရင် စာနဲ့တင်ပါလို့ ပြောပြတယ်။ Mytel တာဝါတိုင် စိုက်ထူဖို့ အောင်ဇေယျာနယ်မြေ(၈)နဲ့ (၁၄) ဝန်ဇင်းရပ်ကွက် ရေဝေရွာရယ်ဆိုတော့ ၄ နေရာ ခွင့်ပြုထားတဲ့ ခွင့်ပြုမိန့်နဲ့ လာတာပါ” လို့ ပြောပါတယ်။

အောင်ဇေယျာရပ်ကွက်ရာအိမ်မှူး ဦးသီဟန် က “အမျိုးသမီးတွေ ဦးဆောင်ပြီး ကန့်ကွက်ကြတယ်။ သက်ကြီးရွယ်အိုတွေ ရှိနေတာရယ်၊ ဒီလို တိုင်တွေက ဘေးထွက်ဆိုးကျိုး ကြောက်တယ်လို့ ပြောကြတယ်။ မြို့နယ်ကိုတော့ ကန့်ကွက်စာ တင်မယ်ပြောတယ်။ တာဝါတိုင် စိုက်တဲ့အဖွဲ့တွေလည်း ပြန်သွားကြတယ်” လို့ ပြောပါတယ်။

တာဝါတိုင်စိုက်ဖို့ လစာနဲ့ငှားတဲ့ အိမ်ပိုင်ရှင်က အိမ်ဝိုင်း ၂ ခုရှိပြီး လူမနေတဲ့ အိမ်ဝိုင်းကို တာဝါတိုင်စိုက်ဖို့ ငှားလိုက်တာပါ။ ရပ်ကွက်နေ လူ ၂၀ ကျော်လောက်က ကန့်ကွက်ကြောင်း၊ လာပြောဆိုကြပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ၃၅/၂၀၁၈ နဲ့ တာဝါတိုင်စိုက်ထူခြင်း ခွင့်ပြုထားပြီး တာဝါတိုင်ဟာ လေယာဉ်ကွင်းနဲ့ နီးနေပေမယ့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကလည်း ခွင့်ပြုထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013