လောင်းကစားစပွန်ဆာ ပိတ်ပင်မှုကြောင့် ပရီးမီးယားလိဂ်ကလပ်များ ဝင်ငွေဆုံးရှုံးနိုင်
DVB
·
March 30, 2026

လာမဲ့ရာသီကစပြီး အသင်းဂျာစီအင်္ကျီအရှေ့မှာ လောင်းကစားကုမ္ပဏီတွေ စပွန်ဆာပေးခွင့် ပိတ်ပင်ခံရမှာဖြစ်လို့ ပရီးမီးယားလိဂ်အသင်းတွေ ဝင်ငွေအများကြီး လျော့နည်းဖို့ ရှိနေပါတယ်။
လက်ရှိမှာ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်နဲ့ ဘုန်းမောက် အပါအဝင် အသင်း ၁၁ သင်းဟာ လောင်းကစားကုမ္ပဏီတွေနဲ့ စာချုပ်ထားတာပါ။
စပွန်ဆာအသစ် ရှာဖွေရာမှာ အရင်ရနေတဲ့ ဝင်ငွေရဲ့ ထက်ဝက်ကျော်လောက်အထိ လျော့ကျသွားနိုင်တာကြောင့် အသင်းငယ်တွေ ပိုအခက်တွေ့နေကြပါတယ်။
တချို့အသင်းတွေဆိုရင် ရာသီသစ်စချိန်မှာ အင်္ကျီအရှေ့မှာ စပွန်ဆာမပါဘဲ ပွဲထွက်လာရမဲ့ အခြေအနေ ရှိနေပါတယ်။










